38

24.6K 1.3K 27
                                    

Unicode




"ရှင်း....''

"ကို...ကိုဟန် ဘယ်လိုလုပ်!''

ရှင်းတို့ရှိရာစီ အပြေးလာနေသော ကိုဟန်၏ပုံရိပ် ၊ တစ်ချိန်က ရှင်းသိပ်ချစ်ခဲ့ရပါသော ကိုဟန္က ရှင်းမေ့ပစ်ဖို့ကြိုးစားလေလေ ရှင်းကိုစိုးမိုးလေလေဘဲ ။ အခုရော မေ့ပစ်လို့ရခါမှ သူ့အရှေ့ကို ကိုဟန်ပြန်ပေါ်လာခဲ့သည် ။

"ရှင်း....''

သား၏လက်ကို ဆုပ်ကိုင်ထားတဲ့ရှင်းအား ကိုဟန်ကရင်ခွင်ထဲဆွဲဖက်လိုက်ပြန်သည် ။ လွမ်းနေသည့် ရင်ခွင်မို့ခဏတာ သတိလက်လွတ်ပြန်ဖက်တွယ်မိပေမဲ့လည်း အသိစိတ်ပြန်ကပ်ကာ ရင်ဘတ်ကို အားကုန်တွန်းဖယ်ပစ်လိုက်၏ ။ သို့သော်လည်း ကိုဟန်ကလွှတ်မပေးဘဲ တင်းကြပ်စွာဖက်တွယ်ထားသည် ။

"အင့် ဖယ်လို့ ကိုဟန့်!''

"ရှင်း....ရှင်း ကိုယ်မင်းကိုလိုက်ရှာနေခဲ့တာ အရမ်းလဲသတိရနေခဲ့တာ''

"ဖယ်ပေးပါ ကိုဟန် လူမြင်မကောင်းဘူး လွတ်လို့!''

"ဖေဖေကို မထိနဲ့!''

သားက ရှင်းကိုအနိုင်ကျင့်နေတယ် ထင်နေပုံပင် ကလေးတန်မဲ့ မျက်ဝန်းတောက်တောက်တွေနဲ့ အသံမြင့်ပြီး ကိုဟန်အားအော်ထုတ်ပစ်သည် ။ ကိုဟန်က သားကိုကြည့်လိုက်ရှင်းကိုကြည့်လိုက်နှင့် အံ့သြနေသယောင်ယောင် ။ ဖက်တွယ်ထားသောလက်တွေပါ အယောင်ယောင်အမှားမှားပြေလျော့ကုန်သည် ။

"ဖေဖေ ဟုတ်လား? ရှင်း သူ သူက မင်းကိုဘာလို့ဖေဖေလို့ ခေါ်နေတာလဲ''

"သြော်....မိတ်ဆက်ပေးရအုံးမယ် ဒါကျွန်တော့်ရဲ့ သားလေ မာန်ဝဏ္ဏခြိန်းတဲ့''

သားငယ်၏ကိုယ်ကို ရှင်းကောက်ပွေ့လိုက်ပြီး ကိုဟန်အား မိတ်ဆက်ပေးလိုက်သည် ။ ကိုဟန်၏သားပါလို့တော့ ထည့်မပြောမိ ၊ အခုချိန်မှာတော့ အတိတ်ဟောင်းကိုပြန်မတူးဆွချင်တော့ပေ ။ အခုသားသည် သူနှင့်မိုးတို့၏ သားအဖြစ်သာ ရှိစေချင်တော့သည် ။

"ရှင်းရဲ့သား ဒါဆိုရှင်း မင်း မင်းလက်ထပ်လိုက်ပြီလား''

"ဟုတ်တယ် ကျွန်တော် လက်ထပ်လိုက်ပြီ သစ္စာမရှိတဲ့လူကို တမ်းတမနေချင်တော့လို့ လက်ထပ်လိုက်ပြီ ဒါက ကျွန်တော့်ဇနီး မိုးထိပ်ထားစံတဲ့''

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Kde žijí příběhy. Začni objevovat