37

23.4K 1.2K 16
                                    

Unicode





ကိုဟန်၏အမေပြန်သွားတော့ ရှင်းသက်ပြင်းရှိုက်နေတုန်း ဘေးအိမ်က မိုး၏အော်ငိုကိုကြားလိုက်ရရျ် ပြေးသွားကြည့်တော့ မိုးအဖေမှာ ဆုံးသွားတာပင် ဆေးရုံပို့ဖို့လုပ်ချိန်တောင်မရခဲ့ ။ မိုးသည် ဦးလေး၏ ကိုယ်အားရင်ခွင်ထဲပိုက်ရျ် အဖေလို့အော်ပြီး ငိုကြွေးနေခဲ့၏

အခုဆိုအချိန်တစ်ပတ်တောင် ကြာမြင့်ခဲ့ပြီ ။ နာရေးအတွက် ဖေးကူမရင်း မိုးကိုပါ နှိမ့်သိမ့်ပေးနေမိသည် ။ မိုးမှာတွယ်တာစရာဟူရျ် သူ့အဖေဘဲရှိခဲ့တာမလား အခုဦးလေးလည်း ဆုံးပြီ မိုးအတွက်လည်း သူစိတ်မကောင်းဖြစ်ယုံသာ တတ်နိုင်၏ ။

ဘာလိုလိုနဲ့ ရှင်းကိုဟန့်စီ မသွားတာတစ်ပတ်တောင်ကြာခဲ့ပြီ ။ ရှင်းဘက်ကလည်း မဆက်သွယ်ခဲ့သလို ကိုဟန့်ဘက်ကလည်း ရှင်းကိုဆက်သွယ်လာခြင်း မရှိခဲ့ ။ သူ့အမေပြောသွားသည့်တိုင်း သူ့သားကိုသူ နိုင်အောင်ထိန်းထားတယ်ထင်သည် ။ ပြောရင်း လွမ်းနေမိပြီ ။

နာရေးကိစ္စပြီးသွားတော့ မိုးဟာအရင်ကထက် ပိုအေးစက်လာသည် ။မိန်းကလေးတန်မဲ့ ဆေးလိပ်တွေကိုလည်း သောက်လာတာတွေ့မိသည် ။ အရင်နေ့တွေကလို မှိုင်မနေတော့ပေမဲ့ အရင်လိုအပြုံးရယ်မရှိ အပြင်ကိုသာ အမြဲထွက်နေတတ်သည် ။

အခုလည်း ဘေးအိမ်ဘက်ကို ရှင်းနားစွင့်နေရသည် ။ မိုးကိုဆုံးမမှဖြစ်တော့မည် မနက်ဆိုအစောကြီးအပြင်ထွက် ပြန်လာတော့လည်းညနက်မှတဲ့ သိပ်လည်း ခက်ချေပြီ ။ ပြောရင်းဆိုရင်း ကားတစ်စီးမိုးအိမ်ရှေ့မှာ ရပ်လာသည် ။ ကားကြီးပေါ်မှ ဆင်းလာသော မိုးကို ရှင်းစိတ်မကောင်းသလိုကြည့်နေမိ၏ ။ ဘာကြောင့်များ ကိုယ်တိုင်အရောင်ပြောင်းချင်နေရသနည်း ။

"ဟော....ကိုရှင်း မိုးအိမ်ရှေ့မှာ ဘာလာလုပ်နေတာလဲ ''

"မိုးရယ် နင်ဒီလိုတွေလုပ်နေတော့ရော ဦးလေးက ပြန်ရှင်လာမှာမှ မဟုတ်တာ ကိုယ့်ကိုယ်ကို မဖျက်ချင်စမ်းပါနဲ့တော့!''

"ကိုရှင်းဘာသိလို့လဲ ဟက်! ညီမမှာလေ တွယ်တာစရာဆိုလို့ အဖေနဲ့ကိုရှင်းဘဲ ရှိခဲ့တာ''

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Nơi câu chuyện tồn tại. Hãy khám phá bây giờ