26

28.8K 1.9K 38
                                    

Unicode




"မင်းတို့ အပြင်မှာဘဲ အဲ့တိုင်းနေတော့မှာလား''

စိုင်းက ဘုဘောက်ပြောလိုက်ပြီး အိမ်ထဲဝင်သွားသည် ။ မင်းစစ်ကခြိန်းကို ဆူပူရင်းနဲ့သာ အတူတူလိုက်ဝင်လာကြ၏ ။

ခြိန်းက အခုထိစိုင်းကို အမြင်ကြည်သေးပုံမရ ၊ ဧည့်ခန်းထဲရောက်ကတည်းက စိုင်းကိုမကြည်ကြည့်တွေနှင့် ကြည့်နေသည် ။ စိုင်းဘက်ကလည်း နဂိုထဲကမှ မကြည်သည့် စိတ်ကြောင့် ခြိန်းနဲ့မျက်လုံးချင်း အပြိုင်စစ်တိုက်နေတော့သည် ။

အလယ်က မင်းစစ်မှာတော့ ကူကွယ်ရာမဲ့နေခဲ့ပြီး နှစ်ယောက်သားထသတ်မှာကို စိုးရိမ်နေရသည် ။

"မင်းစစ်! ခင်ဗျားဒီကို ဘာလာလုပ်နေတာလဲ ကျုပ်ကိုပြော''

"သူ့သူငယ်ချင်းအိမ် သူလာတာ မင်းကို သံတော်ဦးတင်ရအုံးမှာလား''

"ခင်ဗျား!!!''

"ခြိန်း.....''

မတ်တပ်ထရပ်လိုက်တဲ့နှစ်ယောက်အကြား မင်းစစ်ကမျက်နှာငယ်လေးနှင့် အသနားခံနေရသည် ။ စိုင်းက ခြိန်းကိုစနောက်နေတာ သိပေမဲ့ ခြိန်းက အစမခံပုံနှင့်တော့ ထသတ်ကြဖို့များ၏ ။

နောက်ပြီး စိုင်းက ခုနဒေါသအကြီးအကျယ်ထွက်နေတာကြောင့် မင်းစစ်ပိုလို့ စိုးရိမ်နေခြင်းပင် ။ ကျန်တဲ့အချိန် စိုင်းက ပျော်ပျော်နေတတ်ပေမဲ့ ဒေါသထွက်ချိန် ဘယ်ပုံစံပြောင်းလဲနေမလည်း အတိကျမသိနိုင်တာကြောင့် ခြိန်းအတွက် စိုးရိမ်ရ၏ ။

စိုင်းက မင်းစစ်၏ အတွေးတွေကို ရိပ်မိနေတဲ့အလား ခပ်ကျယ်ကျယ်ရီလိုက်ပြီး ဆိုဖာပေါ် ပြန်ထိုင်လိုက်သည် ။

"မင်းစစ် မင်းအဲ့လောက်လဲ အပူများမနေပါနဲ့ ငါသူ့ကိုဘာမှ မလုပ်ဘူး မင်းလူလာလုပ်ရင်တော့ ငါလဲအားမမခံနိုင်ဘူး''

ခြိန်းက စိုင်းပြောမှ မင်းစစ်ဘက်လှည့်ကာ မျက်မှောင်ကျုံ့နေတော့သည် ။ ဘာတွေ အဲ့လောက်ကြောက်နေတာလဲ ဆိုတဲ့ပုံနဲ့....

"ကျုပ်ကလဲ ခင်ဗျားကိုကြည့်မရတာ မှန်ပေမဲ့ ကိုကို့သူငယ်ချင်းမို့ ထမထိုးဘူး စိတ်ချ!''

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Onde as histórias ganham vida. Descobre agora