39

25.8K 1.5K 28
                                    

Unicode




ဧည့်ခန်းအတွင်း ဘီယာဗူးအပြည့်နှင့် ပွစာကျဲနေသော မင်းစစ်ကြောင့် စိုင်းသွေးတိုးချင်လာသည် ။ မာန်ဝဏ္ဏခြိန်းဆိုတဲ့ကောင်ပျောက်သွားတာ သုံးရက်တောင်ရှိပြီ ။ မင်းစစ်ဆိုတဲ့ကောင်ကလည်း သူ့အမှားသိပြီးကတည်းက ဒင်းကိုလိုက်ရှာနေတာများ မြို့အနှံ့ဂျောင်ကြားပါမရှောင် ဒါတောင်အခုချိန်ထိမတွေ့တော့ ဒီကောင်စိတ်ဓာတ်ကျသွားတာဖြစ်၏ ။

ဘီယာသောက်တာတောင် အဆွေးသီချင်းတွေနဲ့ဆွေးပြီးသောက်နေလိုက်တာများ အဆွေးမင်းသားကြီးလာကျလို့ ။ သောက်အပိုတွေ ၊ မုန်းတယ် ပြောတုန်းကပြောပြီးတော့များ ဟိုကထားသွားတော့လည်း အသဲကွဲရတာကဒင်းဘဲလေ ။ တကယ် တကယ်ပါ သူငယ်ချင်းဖြစ်သူကို ခေါင်းကအမွှေးတွေဆွဲပြီး ရူးမနေနဲ့လို့အောက်ငေါက်ပစ်ချင်စိတ်တွေ ထိန်းယူနေရသည် ။ သူများအိမ်လာပြီး အမှိုက်တွေက ရှုပ်သေးတယ် တကယ့်ကောင် ။

"ဟေ့ကောင်! မင်းစစ်!''

"ဘာလဲကွာ!''

"တစ်ချိန်လုံး မင်းဒီလိုဘဲနေနေတော့မှာလား''

"ငါမနေစေချင် အေ့ ငါ့ခြိန်းလေးကို ပြန်ခေါ်ပေး အေ့ ''

"xီးကိုခေါ်ပေးရမှာလား မင်းဘဲသူ့ကို မုန်းတယ်ဆို''

"အေ့ အဲ့တာက ငါအထင်လွဲသွားတာ အစ်! ငါခြိန်းကို အေ့ မခွဲနိုင်ဘူး ''

"သေလေ!''

"အီးးးဟီးးးခြိန်းရေ အစ်! မင်းဘယ်မှာလဲလို့ အေ့ ငါလွမ်းနေတာလေကွာ ပြန်လာပါကွာ အေ့!''

"ကိုကြီးမင်းစစ်....''

"ဟာ! မြူလေး လာလေ လာလာ ကိုကြီးစီ''

"ဟုတ်....''

"ဘာဟုတ်လဲ မလာခဲ့နဲ့ ဒီကောင်မူးနေတာ မင်းကိုပါရစ်နေလိမ့်မယ်''

"ဘာကွ! ဟေ့ကောင်စိုင်း မင်းဘာပြောလိုက်တယ် အေ့''

"မူးရင်လဲ အိပ်တော့ ခွေးကောင်ရာ!''

"အိပ်ဖူး အိပ်ဖူး မြူလေး လာခဲ့ကိုကြီးစီ ကိုကြီးက ခြိန်းအကြောင်းတွေ များကြီး များကြီး ပြောပြမယ်လေ''

လှေကားနားမှာ ကုပ်ကုပ်လေးရပ်နေသော မြူ့အား မင်းစစ်ကလက်ယက်ခေါ်နေတော့သည် ။ ထိုကောင်လေးကလည်း ကြောက်ရကောင်းမှန်းမသိ ခေါ်တာနဲ့တန်းပြေးလာကာ မင်းစစ်ဘေးတွင် ဝင်ထိုင်လာသည် ။ မင်းစစ်ပြောမည့်စကားကိုပါ ကုပ်ကုပ်လေးနားစွင့်နေတာများ စူးစမ်းချင်နေတဲ့ ကလေးတစ်ယောက်လိုပင် ။

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Where stories live. Discover now