16

33.7K 1.8K 45
                                    

Unicode




"ဒါဘယ်လိုဖြစ်တာလဲ မင်းတို့ အလုပ်ကိုသေချာမလုပ်တတ်ကြဘူးလား ဟမ်!"

Meetingခန်းထဲက ဝန်ထမ်းများသည် သူတို့၏ ဒေါသထွက်နေသောသူဌေးကြောင့် ခေါင်းတောင်မဖော်ရဲကြ ။ တစ်နေ့လုံးအမှားမခံဖြစ်နေသည့် သူဌေး၏ ဒေါသများမှ လွတ်မြောက်ဖို့အရေး သူတို့မှာအတော်လေးလုံးပမ်းနေရတော့သည် ။ မဟုတ်ရင်တော့ လစာကောင်းလေးမှာ နေ့ချင်းညချင်း ဘဝပြောင်းရလိမ့်မည် ။

အခုလည်း သူတို့ အားလုံးခေါင်းကြိမ်းနေကြရ၏ ။ သနားစရာသူတို့ဘဝလေးကို ကယ်တင်ရှင်ပေါ်လာပါစေလို့သာ ဆုတောင်းနေရတော့သည် ။

မင်းစစ် သူ့ဝန်ထမ်းအားလုံးကို သေချာဆူပူပြီးခါမှ ကိုယ့်နေရာကိုယ် ပြန်ခိုင်းလိုက်တော့သည် ။ ရှုပ်ထွေးနေသည့် စိတ်အစဥ်ကို ဖုံးကွယ်ထားပေမဲ့ အကျိုးရလဒ်မှာ ပေါက်ကွဲထွက်ချင်သည့် ဒေါသများသာရလိုက်သည် ။

ဘာမှမဖြစ်သလို ကိုယ့်ကိုယ်ကိုလိမ်ညာနေခြင်းက သူ့အတွက်ပိုရျ်နာကျင်ရစေသည် ။ အသက်သုံးဆယ်ကျော်အသက်အရွယ်နှင့် အချစ်ပူမိနေသည်လို့ သူ့အဖြစ်ကအလှောင်ခံချင်စရာအရမ်းကိုကောင်းနေတော့သည် ။

ကိုယ်တိုင်မောင်းထုတ်ခဲ့ပေမဲ့ ပြန်လာမလားမျှော်လင့်မိနေတာလည်း သူကိုယ်တိုင်ပင် ဖြစ်၏ ။ ဖြိုးပြည့်စုံ၏ သီချင်းလို အသည်းနှလုံးမရှိတဲ့ လူက မာန်ဝဏ္ဏခြိန်းလား သူဘဲလားကို ဝေခွဲမရတော့ပေ ။

တကယ်သာ သူကိုယ်တိုင်အသည်းနှလုံးမရှိသည့် လူဖြစ်သွားခဲ့လျှင်လည်း သိပ်ကောင်းလိမ့်မည် ။ အနည်းဆုံးတော့ မနာကျင်ရတော့ဘူးမလား ။ ဖြစ်နိုင်ရင် သူ့ဘဝကြီးထဲကနေအချစ်ကို အပြီးတိုင်မောင်းထုတ်ပစ်လိုက်ချင်သည် ။

"Boss ဒီမှာ ကော်ဖီ"

"အင်း ကိုဖြိုးထားခဲ့လိုက်"

"မနေ့က မှာထားတဲ့အတိုင်း အကုန်လုပ်ပြီးပါပြီ boss"

"ထိုင်ဝမ်ဘက် အလုပ်တွေကော အဆင်ပြေရဲ့လား "

"ဟုတ်ကဲ့ အကုန်ပြေပါတယ် boss "

"အင်း "

"ဒါဆိုကျွန်တော့်ကို သွားခွင့်ပြုပါအုန်း boss "

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Where stories live. Discover now