အခန်း (37)ငါလေးက Daddyရဲ့ သားအရင်းမဟုတ်ဘူး!!

7.8K 820 116
                                    

[444: ကမ္ဘာအသစ်ကို ကူးပြောင်းခြင်းပြီးဆုံးပါပြီ...မှတ်ဉာဏ်တွေလွှဲပြောင်းပေးနေပါပြီ]

ရှဲ့ဟယ် မျက်လုံးမှိတ်ထားလိုက်တယ်....

ဒီတစ်ခေါက်အတွက် သူ့ရဲ့ identity က လူချမ်းသားမိသားစုတစ်ခုဖြစ်တဲ့ တန်းမိသားစုရဲ့ ကြည့်ကောင်းရုံကလွဲရင်ကျန်တာဘာမှအသုံးမကျတဲ့ သားလေး တန့်ကျိုး.....

သူအခုလိုဖြစ်နေရတဲ့ အီကလက်သည်က  အဖခင်ကောင်းတစ်ယောက်ဖြစ်တဲ့ တန့်ကျင်းဝမ်း​ သာပင်...

တန့်ကျင်းဝမ်းရဲ့ တည်ရှိမှုက သံသယကင်းလောက်အောင် powerful ဖြစ်လွန်းတယ်...တန့်ကျင်းဝမ်းက အလင်းထဲမှာရော အမှောင်ထဲမှာ အာဏာစက်ကို အစွမ်းကုန်ဖြန့်ကျက်ထားသူတစ်ယောက်....

သူ့မှာ တန့်ကျိုး ဆိုတဲ့ သားတစ်ယောက်တည်းပဲ ရှိတယ်..ဂရုစိုက်ပေးဖို့ ပျက်ကွက်ခဲ့ပေမယ့်လဲ  သားဖြစ်သူအတွက်ဆို ရုပ်ပိုင်းဆိုင်ရာ ပိုင်ဆိုင်မှုမှန်သမျှ အကုန်ဖြည့်စည်းပေးခဲ့တယ်....ဒါ့ကြောင့်လဲ တန့်ကျိုးက တဖြည်းဖြည်းနဲ့ မောက်မာပြီး ထင်ရာစိုင်းတတ်သူတစ်ယောက် ဖြစ်လာခဲ့တယ်.....

ပအူအုံကိုတုတ်နဲ့ထိုးသလို ပြသာနာရှာပြီးတိုင်း တန့်ကျိုးအတွက်တော့ စကားတစ်ခွန်းပဲပြောဖို့လိုခဲ့တယ်...oK...ငါ့အဖေက တန့်ကျင်းဝမ်း...

တန့်ကျိုးက  ကောင်းချီးပေးခံထားရတဲ့ သား​တစ်ယောက်ဖြစ်နေပေမယ့်လဲ  ပွင့်လင်းမြင်သာစွာ ထင်ရာစိုင်းနေသူတစ်ယောက်သာပင်...

[ရှဲ့ဟယ်: ဒီတစ်ခေါက်အတွက် ပစ်မှတ်ကဘယ်သူလဲ??]

[444: တန့်ကျင်းဝမ်း...]

[ရှဲ့ဟယ်: ငါအခုရောက်နေတဲ့ ကမ္ဘာကြီးရဲ့ လူ့အဖွဲ့အစည်းက သယဇာတဖြစ်တာ သေရောသေချာရဲ့လား??]

[444: အိုးးး ဆွေမျ်ုးတော်စပ်မှု သတိပေးချက်အရဆို သူတို့နှစ်ယောက်က သားအဖအရင်းတွေမဟုတ်ဘူး...(∩_∩)]

[ရှဲ့ဟယ်: ဟီးး ဟီးးး]

[444:.......]

ရှဲ့ဟယ် မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့အခု သီးသန့်ခန်းတစ်ခုထဲက ဆိုဖာပေါ်ရောက်နေမှန်းသိလိုက်ရတယ်...နူးညံ့အိစက်နေတဲ့ အရာတစ်ခုက သူ့ညာဘက်လက်မောင်းကို ထိတွေ့နေတာကြောင့် ဘေးဘက်ကို လှည့်ကြည့်လိုက်တော့...ကောင်းမွန်စွာ ပြင်ဆင်ခြယ်သဝတ်ဟားထားတဲ့ အမျိုးသမီးတစ်ယောက်က သူ့ကို ကပ်တွယ်နေတယ်....ဒါ့အပြင် သူမရဲ့ ရင်ဘက်ကို ရှဲ့ဟယ်ရဲ့ လက်မောင်းတွေနဲ့ ဖိကပ်ပွတ်သပ်နေတယ်....

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now