အခန်း (38)

4.6K 786 79
                                    

ထိုလူက ကောင်ချောလေးကို ရှဲ့ဟယ် ကန်လိုက်တာကို အမူအရာတစ်ချက်မပျက်ဘဲ ကြည့်နေတယ်.....ထိုလူရဲ့မျက်ဝန်းနက်နက်တွေထဲမှာ မည်သည့် ခံစားချက်ကိုမျှ မတွေ့ရလေသောကြောင့် ရှဲ့ဟယ် ထိုလူရဲ့ အတွေးများကို မဖတ်နိုင်ခဲ့ပေ....

သို့ပေမယ့်လဲ 444ဆီကနေ တဆင့် အခြေနေမေးလို့ရသေးတယ်....

[ရှဲ့ဟယ် : တန့်ကျင်း၀မ်းရဲ့ နှစ်သက်မှုဘယ်လောက်ရှိလဲ??]

[444: 20ပါ.... ]

[ရှဲ့ဟယ် :ဆွေမျိုးတော်စပ်မှုအရ နှစ်သက်မှုတန်ဖိုးတွက်ရမယ်ဆို သာမာန်သားအဖ ကြားမှာဆို အနည်းဆုံး 80 လောက်တော့ရှိသင့်တယ်.....ခပ်ရိုင်းရိုင်းပြောရရင် 18နှစ်လောက်ကြာအောင် မွေးထားတဲ့ခွေးတောင် ဒီထက့်အမှတ်ပိုများဦးမယ်....ငါက သူ 18နှစ် ကြာအောင် ကျွေးမွေးခဲ့တဲ့သူ့သားဖြစ်နေပါရက်နဲ့ နှစ်သက်မှုက သာမာန် ဖြတ်သွားဖြတ်လာလောက်ပဲရှိတယ်ဆိုတော့....ငါ့ရဲ့ရုပ်ရည်ချောမောမှုနဲ့ ထိုက်တန်တာ ဘယ်မှာလဲ??]

[444: .......]

[ရှဲ့ဟယ် :သွေးအေးရက်စက်တတ်သူကြီးပဲ....ငါတော့ ဒီ challenge ကိုသဘောကျနေပြီ.....]

နောက်ထပ်လှုပ်ရှားမှုတစ်ခုကတော့ ရှဲ့ဟယ်က တန့်ကျင်းဝမ်းရဲ့ လက်မောင်းကိုပြေးဖက်လိုက်ပြီး အလွန်ချဲ့ကားပြောဆိုတဲ့ လေသံနဲ့....

" Daddy သူ့ကို မြန်မြန်မောင်းထုတ်လိုက်!!! အဝတ်မပါတဲ့ သူ့ကိုမြင်နေရတာ အော်ကလီဆန်စရာကောင်းတယ် "

တကယ်တော့ ရှဲ့ဟယ်ရဲ့ စိတ်ထဲမှာ .....

//sorryပါ Darlin. .... တကယ်တော့ မင်းလေးက အဝတ်မပါရင် ပိုလှတယ်//

တန့်ကျင်းဝမ်းက တည်ငြိမ်စွာနဲ့ မဆိုသလောက်လေး ခေါင်းငဲ့ပြီးရှဲ့ဟယ်ကိုကြည့်နေတယ်.....

ထိုအကြည့်ကြောင့် ရှဲ့ဟယ်ရဲ့ ရင်ခုန်နှုန်းတွေ မြန်ဆန်လာတယ်.....ကံကောင်းတာက သူ့ဝိဉာဉ်ဝင်နေတဲ့ ခန္ဓာကိုယ်ပိုင်ရှင်က အမှတ်သည်း‌ခြေ
မရှိလေသော တန့်ကျိုးဖြစ်နေခြင်းပဲ....မူလတန့်ကျိုးသာဆို တန့်ကျင်းဝမ်းရဲ့ အကြည့်တွေထဲမှာ ကွယ်ဝှက်ထားတဲ့ အရာတွေကို မြင်နိုင်လိမ့်မည်မဟုတ်.....ဒါ့ကြောင့် ရှဲ့ဟယ်ကလဲ ဆွေမျိုးရင်းချာ ပတ်သတ်ဆက်နွယ်မှုတွေအပြည့်အဝပါဝင်နေတဲ့ အကြည့်နဲ့ ပြန်ကြည့်ပေးလိုက်တယ်....

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now