Prologue

7.7K 440 192
                                    

​လေယာဥ်ကတဖြည်းဖြည်းမြင့်သထက်မြင့်တက်သွားကာအစုလိုက်အပြုံလိုက်ဖြစ်​နေ​သောတိမ်စိုင်များထဲသို့တရိပ်ရိပ်တိုးဝင်သွား​တော့သည်။ ယခုထို​လေယာဥ်ဦးတည်​နေသည့်​အရပ်မျက်နှာကတစ်ချိန်ကသူ​ကျောခိုင်းစွန့်ခွာထားခဲ့သည့်​​နေရာဖြစ်သည်။ စွန့်ခွာခဲ့စဥ်တုန်းက​တော့သူ့ကိုယ်သူ​အနိုင်ရခဲ့သည်ဟုထင်ခဲ့မိ၏။ သူ့ထံသို့ယုံယုံကြည်ကြည်ထိုးအပ်နှင်းလာတဲ့နှလုံးသားတစ်စုံကိုရက်ရက်စက်စက်ချနင်းနိုင်ခဲ့တဲ့သူက.. အချိန်ကြာလာသည်နှင့်အမျှ​နောင်တတ​ပွေ့တပိုက်ဖြင့်စိတ်ဆင်းရဲ​နေရလိမ့်မယ်လို့ဘယ်ထင်ခဲ့မိပါ့မလဲ။

"ဟူး"

ပြတင်း​ပေါက်မှတစ်ဆင့်တိမ်စိုင်တိမ်ခဲများကို​ငေးရင်းသက်ပြင်းချမိသည်။ ချပစ်လိုက်တဲ့သက်ပြင်း​တွေထဲမှာ​နောင်တတွေပါ,ပါသွားရင်ဘယ်​လောက်များ​ကောင်းလိုက်မလဲ။ ဘယ်သူမပြုမိမိမှုဆိုတဲ့စကားအတိုင်းဒီလို​တွေဖြစ်လာ​အောင်ဖန်တီးခဲ့တာသူကိုယ်တိုင်ပဲဖြစ်​နေ​တော့လည်းကျူးလွန်ခဲ့မိတဲ့အမှား​တွေအတွက်ထိုက်သင့်တဲ့ဘယ်လိုပြစ်ဒဏ်မျိုးကိုမဆိုခံယူနိုင်ဖို့စိတ်ကိုအဆင်သင့်ပြင်ထားရမယ်မဟုတ်လား။

"လူကြီးမင်းတို့စီးနှင်းလိုက်ပါလာခဲ့သည့်​လေယာဥ်ဟာမကြာမီအတွင်း Incheon အပြည်ပြည်ဆိုင်ရာ​လေဆိပ်သို့မကြာမီအချိန်အတွင်းဆိုက်​ရောက်​တော့မည်ဖြစ်ပါသဖြင့်..."

​လေယာဥ်မယ်​လေးရဲ့​ကြေငြာသံကိုကြားမှအပြင်ဘက်ကတိမ်စိုင်​တွေနှင့်အတူ​မြောလွင့်​နေတဲ့သူ၏အ​တွေးတို့ကိုစုစည်း၍​ရေး​တေး​တေးမြင်​နေရပြီဖြစ်တဲ့Incheon လေဆိပ်ကြီးကိုငုံ့ကြည့်လိုက်သည်။ သူထွက်လာခဲ့တဲ့ ၇ နှစ်အတွင်းအရာရာဟာတဖြည်းဖြည်း​ပြောင်းလဲသွားခဲ့ပြီ။ ဟိုတုန်းကသူ့ကိုတဖြည်းဖြည်းတစိမ့်စိမ့်ချစ်​နေခဲ့တဲ့ hyung ရင်ထဲကအချစ်​တွေက​ရော.. ပြောင်းလဲသွားပြီလား။ hyung သူ့ကိုဘယ်​လောက်ချစ်ခဲ့လဲဆိုတာသူသိပါသည်။ ဒါ​ပေမယ့်သူကလည်း hyungကိုအဆမတန်ချစ်ခဲ့တယ်ဆိုတာကို​​တော့ hyungသိလိမ့်မည်မဟုတ်.. သူကိုယ်တိုင်လည်း​နောက်ကျမှသိခဲ့တာပဲမဟုတ်လား။ ဟိုတုန်းက​တော့ hyung ကသူ့ကိုချစ်ရဲ့လားလို့​မေးလာတိုင်း..

Can We Become Strangers? (✔️)Where stories live. Discover now