Chapter- XIX

1.8K 251 144
                                    

"ရိုဘင်"

ဆက်တိုက်မြည်​နေသည့်ဖုန်းကိုသူ​ထောင်ကြည့်လိုက်​တော့ပိုလို့​တောင်​သေချာသွား၏။ ဒါ.. ရိုဘင့်ရဲ့ဖုန်း။ အဲ့ဒါဆို.. ရိုဘင်ကဘာလို့ hyung ဆီကိုဒီအချိန်ကြီးဖုန်းဆက်လာသနည်း။ ပြီး​တော့.. hyung ရဲ့ contact list ထဲမှာ​ရော.. ဘာလို့ရိုဘင်ရဲ့နာမည်ကရှိ​နေသနည်း။ hyung နဲ့ရိုဘင်နဲ့ကတစ်​ယောက်ကိုတစ်​ယောက်သိ​နေကြတာလား.. စသည့်​မေးခွန်း​ပေါင်းများစွာကသူ့​ခေါင်းထဲတွင်စုပြုံနေကြသည်။

သိချင်စိတ်များ​ကြောင့်ရိုဘင်နဲ့သူနဲ့​ပြောခဲ့ဆိုခဲ့သမျှကိစ္စအားလုံးကိုလည်း​မေ့သွား၏။ hyung နဲ့သူနဲ့ပတ်သက်မှုကိုလည်းရိုဘင်မသိ​အောင်လျှို့ဝှက်ထားရမယ်ဆိုတာကိုလည်း​မေ့သွားလျှက်..သူ့ရင်ခွင်ထဲမှာတစ်​စောင်း​လေးဖက်တွယ်အိပ်​မောကျ​နေသည့် hyung ကိုယ်​လုံးလေးကိုဖယ်ချခဲ့ပြီး​မွေ့ရာထက်ကဆင်းသည်။ ထို့​နောက်အခန်းအပြင်ကိုထွက်ကာ.. ဖုန်းကိုနားမှာကပ်လိုက်၏။

"ဟဲလို"

"ဂျွန်​ဂျောင်ကု?"

တစ်ဖက်ကရိုဘင့်အသံ​ခေတ္တမျှတိတ်ကျသွားသည်။ ပြီးမှအားရပါးရဟားတိုက်ရယ်​မောသံတစ်ခုကျယ်​လောင်စွာထွက်​ပေါ်လာသည်။ သူ.. စကားတစ်ခွန်းမှမ​ပြောဘဲနား​ထောင်​နေလိုက်သည်။မ​ပြောဘူးဆိုတာထက်..​ပြောမထွက်ဘူးလို့သုံးနှုန်းလျှင်ပိုမှန်လိမ့်မည်။ ဖုန်းထဲက​နေရိုဘင့်ရဲ့အသံကိုကြားလိုက်ရကတည်းကသူ့နှလုံး​သွေး​တွေဆူပွက်သွားပြီးစကား​​လေးတစ်ခွန်း​လောက်ပြောဖို့​တောင်ခွန်အားမဲ့သွားခဲ့ပြီဖြစ်သည်။

"ဝါး..အခုလိုလွယ်လွယ်နဲ့ဖမ်းမိလိမ့်မယ်လို့​တောင်မထင်ထားဘူး။ အခုမင်းကိုင်လိုက်တဲ့ဖုန်းက.. ကင်​ဆော့ဂျင်ရဲ့ဖုန်းဆိုတာ​ရော.. အမှတ်ရ​သေးရဲ့လား။ ဘယ်​လောက်​တောင်အ​လောကြီး​နေခဲ့လို့..ဟာကွက်မရှိ​အောင်​စေ့စပ်လွန်းတဲ့ ဂျွန်​ဂျောင်ကုရဲ့တွေး​တောချင့်ချိန်နိုင်စွမ်း​တွေ​လျော့ကျကုန်ပါလိမ့်"

"အ​ပို​တွေ​​လျှောက်ပြောမ​နေနဲ့.. မင်းနဲ့ hyung နဲ့ဘယ်လိုပတ်သက်​နေလဲဆိုတာသာအရင်​ပြော။ မင်းကဘာကိစ္စ.. hyung ဆီကိုဒီအချိန်ကြီးဖုန်းဆက်ရတာလဲ"

Can We Become Strangers? (✔️)حيث تعيش القصص. اكتشف الآن