Chapter- XXVII

1.8K 245 125
                                    

"ပထမအဆင့် Chemo treatment အပြီးမှာ.. အကျိတ်ရဲ့အရွယ်အစားကနည်းနည်းကျုံ့သွားတာကိုတွေ့ရတယ်။ ဒါပေမယ့် white blood cell countကများနေသေးတဲ့အတွက်စိတ်ချရတဲ့အခြေအနေတော့မဟုတ်သေးဘူး။ အဲ့ဒါကြောင့်ကုသမှုကိုအရှိန်ထပ်မြှင့်ဖို့လိုလိမ့်မယ်"

ဆရာဝန်ရဲ့စကားကိုနားထောင်နေရင်းမချင့်မရဲစိတ်၊စိုးရိမ်ထိတ်လန့်စိတ်များကြောင့်လက်သည်းတွေအသားထဲစိုက်ဝင်သည်အထိလက်သီးကိုဆုပ်ထားမိသည်။ အကျိတ်ရဲ့အရွယ်အစားကသေးသွားတယ်ဆိုသည့်သတင်းကသူ့ကိုအနည်းငယ်စိတ်သက်သာမှုပေးပေမယ့်ယခုထက်ပိုသည့်ပြင်းထန်တဲ့ကုသမှုတွေကိုသူ့ရဲ့အသက်ကလေးဆက်ခံယူရဦးမှာပါလားဆိုသည့်အသိကသူ့ရင်အစုံကိုအတိုင်းအဆမဲ့ပူလောင်စေပါ၏။ အခုတောင်ကင်ဆာဆေးအပြင်းစားတွေရဲ့ဒဏ်ကြောင့်အစားမဝင်ဘဲ.. ပျို့အန်လိုက်၊ အပြင်းဖျားလိုက်၊ နှာခေါင်းသွေးတွေသျှံလိုက်၊ နေလို့မရအောင်အပြင်းအထန်ခေါင်းကိုက်လိုက်နဲ့.. ဒီကြားထဲအစားလုံးဝမဝင်လို့ 10 ကီလိုနီးပါးဝိတ်တွေအများကြီးကျသွားသေးသည်။ ဒီ့ထက်ပိုပြင်းတဲ့ဆေးကုသမှုတွေသာဆက်ခံရမယ်ဆိုရင်.. အတွေးနဲ့တင်ရင်အစုံသည်လောင်မြိုက်ကျွမ်းမြေ့လျက်ရှိနေရသည့်အဖြစ်။

"Chemotherapy တစ်ခုတည်းနဲ့ကင်ဆာအကျိတ်ကမြန်မြန်ဆန်ဆန်အမြစ်မပျက်နိုင်ဘူးဆိုတော့.. ဒုတိယအဆင့်ကုသမှုမှာ Chemotherapy ရော radiotherapy ပါတွဲပြီးကုသရလိမ့်မယ်"

"ဘယ်လောက်ကြာကြာကုသဖို့လိုလဲ.. ဆရာ"

"ဒါကတော့.. အကျိတ်ရဲ့အရွယ်အစားပေါ်မှာမူတည်တာပေါ့။ ဆော့ဂျင်ရဲ့အကျိတ်အရွယ်အစားဆိုရင်အနည်းဆုံးသုံးပတ်.. အများဆုံး​ခြောက်ပတ်အထိကုသမှုခံယူရလိမ့်မယ်လို့မှန်းထားတယ်။ treatment ကတစ်ပတ်ကို ၅ ကြိမ်ခံယူရမယ်ဆိုတော့.. စုစုပေါင်း၁၅ကြိမ်ကနေအကြိမ် ၃၀အထိဖြစ်သွားနိုင်တယ်။ radiation ရဲ့side effects တွေကများတယ်ဆိုပေမယ့်..အစပိုင်းပါပဲ..တဖြည်းဖြည်းနဲ့ကုသမှုအရှိန်ရလာတာနဲ့အမျှအခြေအနေတွေအများကြီးတိုးတက်လာတာကိုမြင်ရမှာပါ။ ဘာပဲဖြစ်ဖြစ်.. အကျိတ်အရွယ်အစားထပ်မကြီးလာတာနဲ့ကင်ဆာဆဲလ်တွေထပ်မပျံ့လာတာကအဆိုးထဲကအကောင်းပေါ့"

Can We Become Strangers? (✔️)Hikayelerin yaşadığı yer. Şimdi keşfedin