Chapter- III

2.6K 337 164
                                    

​စေ့ရုံသာ​စေ့ထားသည့်အခန်းတံခါးကိုတွန်းဖွင့်၍အခန်းအတွင်းသို့ဝင်လိုက်တာနှင့်​ရေချိုးသံကိုကြား​နေရသည်။ သူ.. မျက်​ခုံးနှစ်ဖက်ကိုမ​ကျေနပ်စွာတွန့်ကုတ်လိုက်၏။ ​ဒီ​နေ့​​အလုပ်ကို​စော​စောလာခဲ့ပါလို့မှာတုန်းကမှာထားပြီးအခုအချိန်ထိအဆင်သင့်မဖြစ်​သေး​တာကို​​တော့သိပ်ပြီးဘဝင်မကျလှပါ။ ပြီး​တော့​စော​စောလာဖို့အ​ကြောင်းကိုလည်းကြိုမ​ပြော.. မနက်ကျမှအသည်းအသန်ဖုန်း​တွေဆက်လာတော့သူ့မှာဘာများဖြစ်လို့လဲဆိုပြီးအ​ပြေးလာလိုက်ရတာ။ အခု​တော့ boss က​အေး​အေးလူလူ​ရေကိုစိမ်​ပြေန​ပြေချိုး​နေ​လေရဲ့...

"​ရောက်​​တောင်​ရောက်နေပြီလား.. မြန်သားပဲ"

ခဏအကြာမှာ​ရေကျသံ​တွေရပ်သွားပြီးသူ၏ချစ်လှစွာ​သော boss ကအနက်​ရောင်​ပေါ်မှာ​ရွှေ​ဝါရောင်အနားသပ်ပါသည့် bathrobe ကိုကျကျနနဝတ်ကာဆံပင်​ရေစို​တွေကို​မွှေးပွသဘက်ဖြင့်သုတ်ရင်း​ရေချိုးခန်းထဲမှထွက်လာသည်။

"ကျွန်​တော့်ကို​ဘာခိုင်းစရာများရှိလို့လဲ"

"​ထွေ​ထွေထူးထူးခိုင်းစရာ​မရှိပါဘူး။ ဒီ​နေ့.. hyung အလုပ်စဆင်းမယ့်​နေ့ဆို​တော့မှာစရာ​လေး​တွေရှိလို့​ခေါ်လိုက်တာ"

ရင်ထဲမှာဖြစ်တည်လာတဲ့မကျေနပ်မှု​တွေကို​ပြေ​ပျောက်​စေရန်ရင်ဘတ်ကြီးမို့​မောက်လာသည်အထိသက်ပြင်းချလိုက်ပြီး...

"အခါတစ်ရာ​လောက်မှာထားပြီးသားစကား​တွေကိုပြန်​ပြောဖို့တစ်ရက်​တောင်ပြည့်ပြည့်ဝဝအနားမယူရ​သေးတဲ့လူကိုအ​စောကြီး​လာဖို့ခေါ်တယ်​ပေါ့။ လွန်လွန်းတယ်လို့မထင်ဘူးလား"

"ခဏ​လောက်အပြင်ထွက်​ပေးပါလား.. အင်္ကျီလဲချင်လို့။ ဧည့်ခန်းထဲမှာပဲ​စောင့်​နေ.. ပြီးရင်ထွက်ခဲ့မယ်"

Boss က​တော့ထုံးစံအတိုင်းသူ​ပြောတဲ့စကား​တွေကိုဂရု​တောင်မစိုက်ဘဲမှုန်ကုပ်ကုပ်မျက်နှာဖြင့်ရပ်ကြည့်​နေသည့်သူ့ကို​ကျောခိုင်းကာအဝတ်ဗီဒိုကိုဖွင့်၍​လေ​လေးတချွန်ချွန်ဖြင့်အင်္ကျီ​တွေကိုလှန်​လှော​မွှေ​နောက်​နေ၏။ သူလည်း​ပြော​နေလည်းထူးလာမှာမဟုတ်တဲ့အဆုံးဘာဆိုဘာမှဆက်မ​ပြော​နေ​တော့ဘဲဧည့်ခန်းဆီသို့ထွက်လာခဲ့​တော့သည်။

Can We Become Strangers? (✔️)Nơi câu chuyện tồn tại. Hãy khám phá bây giờ