Chapter- XXV

1.7K 238 143
                                    

"Boss"

သူ၏အသံကသိပ်မကျယ်​​သော်လည်းညိမ့်ညိမ့်​ညောင်း​ညောင်းလွင့်ပျံ့​နေသည့်သီချင်းသံကိုဖုံးလွှမ်း၍​ကောင်းစွာကြားနိုင်တဲ့အ​နေအထားတွင်ရှိသည်။ ဒါ​ပေမယ့်သူရဲ့ boss က​တော့​ခေါင်းမ​ဖော်လာ​သေးပါ။Bossကအစိမ်းရင့်​ရောင်ပုလင်းပုပုဝိုင်းဝိုင်းကြီးထဲမှအရည်တို့ကိုတစ်ခွက်ပြီးတစ်ခွက်ငှဲ့၍မနက်ဖြန်ဆိုတာမရှိ​တော့သကဲ့သို့မနားတမ်း​မော့​သောက်​နေသည်။ ​ဘေးတွင်လုံးဝတို့ထိထားခြင်းမခံထားရသည့်အမြည်းပန်းကန်က​ဆွေး​ဆွေး​မြေ့​မြေ့သီချင်းသံနှင့်အတူအထီးကျန်ညကိုဖြတ်သန်း​နေ၏။

"Boss.. ​တော်သင့်ပြီ။ အစာမရှိဘဲဒီအရည်​တွေချည်းစွတ်​သောက်​နေရင်ဒုက္ခ​တွေများကုန်လိမ့်မယ်"

​ပြောမရတဲ့အဆုံးအရက်ခွက်ကိုဆိုးဆိုးဆတ်ဆတ်လုယူကာစားပွဲ​ပေါ်တွင်​ဆောင့်ခနဲချလိုက်သည်။

"Boss"

သူ့ကို​မော့ကြည့်လာသည့် bossရဲ့မျက်ဝန်း​တွေကရဲရဲနီလျက်ရင်ထဲမှာဘယ်​လောက်ထိမချိမဆန့်ခံစား​နေရသလဲဆိုတာအတိုင်းသားမြင်​နေရ၏။ ဆံပင်​တွေကလည်းညင်းသိုးသိုးပွ​ယောင်း​ယောင်းနှင့်.. အစားလည်းလုံးဝမစားဘဲအရက်​တွေချည်းလှိမ့်​သောက်​နေ​တော့မျက်နှာကပါးရိုး​တွေ​ငေါထွက်လာတဲ့အထိ​သိသိသာသာချောင်ကျ​သွားသည်။ Boss ကိုဒီလိုပုံစံနဲ့မြင်​နေရတာကိုသူလည်းစိတ်မချမ်းသာ..

"အတွင်း​ရေးမှူးမင်.. အသည်းကွဲဖူးလား.. အသည်းကွဲရင်ဘယ်လိုခံစားရလဲသိလား"

သူကရီ​ဝေ​ဆွေး​မြေ့ခြင်း​တွေနာကျင်ခြင်း​တွေကိုမချိမဆန့်မျိုသိပ်ခြင်း​တွေနှင့်အ​ရောင်​တွေ​ပြောင်း​နေသည့် bossမျက်နှာကိုကြည့်ပြီးသက်ပြင်းချမိသည်။ bossကိုနှစ်သိမ့်စကား​တွေ​ပြောချင်​ပေမယ့်ဘယ်က​နေဘယ်လိုစကားရှာမရ​တော့လည်းခက်သား.. ဒီ​လောက်နိုင်ငံကျဥ်းကျဥ်း​လေးထဲမှာလူ​လေးတစ်​ယောက်ကို​တောင်အခုထိ​တွေ့​အောင်ရှာမ​ပေးနိုင်​သေးတဲ့သူ့ကိုယ်သူပဲအပြစ်အကြိမ်ကြိမ်တင်မိရင်း..boss ရဲ့ပခုံး​ကိုလက်တစ်ဖက်နှင့်ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။

Can We Become Strangers? (✔️)Where stories live. Discover now