Chapter- II

2.7K 356 115
                                    

"​နောက်ကျ​နေပါပြီဆိုမှ.. ဒီဖိနပ်ကလဲ"

ငါးမိ​နစ်​လောက်ပါပဲဆိုပြီးနှိုးစက်ကိုပိတ်၍ခဏ​​လောက်​မှေးလိုက်မိရာကနှစ်နှစ်ခြိုက်ခြိုက်ပြန်အိပ်​ပျော်သွားခဲ့မိလို့အခု​တော့မိုးလင်းကတည်းကအ​ဆောတလျင်ပြေး​နေလွှား​နေရပြီ။တွေ့ကရာဖိနပ်ကိုကပျာကယာ​ကောက်စွပ်လိုက်​ပေမယ့်လူကပျာယာခတ်​နေတာ​ကြောင့်​ဖ​နောင့်ကအလွယ်တကူမဝင်ဘဲတစ်​နေသဖြင့်လက်တစ်ဖက်ကဖိနပ်ကိုအတင်းဝတ်ရင်း​ခြေတစ်​ပေါင်ကျိုးဖြင့်အိမ်​ရှေ့သို့ခုန်စွခုန်စွ​ပြေးထွက်ခဲ့သည်။ ထို့​နောက်အိမ်​ရှေ့တွင်​စတီးသံပန်းတွင်မှီလျက်ထောင်ထားသည့်စက်ဘီးစုတ်က​လေးကို​ကောက်တွန်းကာ​ပြေးဖို့ပြင်လိုက်တုန်း...

"အမ​လေး.. သေပါပြီ"

အလျင်လို​နေသည်မို့မြေကြီးထဲတွင်တစ်ဝက်မြုပ်၍​မြေပေါ်တွင်တစ်ဝက်​ပေါ်​နေ​သော​ကျောက်တုံးကြီးကိုမမြင်ဘဲခလုတ်တိုက်မိသွားသည်။ကိုယ့်ကိုယ်ကိုဟန်ချက်ထိန်းလိုက်နိုင်တာ​ကြောင့်အ​ရှေ့ကိုဟက်ထိုးလဲမည့်အ​ရေးကိုတားလိုက်နိုင်​ခဲ့ပေမယ့်ခန္ဓါကိုယ်ကအရှိန်မ​သေ​သေးဘဲကို့ယိုးကားယားနှင့်​နောက်ပြန်လဲကျသွားသည်။ ကံ​အား​လျော်စွာဖြင့်စက်ဘီးကသူနှင့်ဆန့်ကျင်ဘက်ကိုလဲကျသွားတာမို့နှစ်ခါနာရမည့်အဖြစ်မျိုးမကြုံလိုက်ပါ။

"ဟင်!"

ဖင်ထိုင်ရက်လဲသွားတာမို့..တင်ပါး​ရောခါးထဲကပါမျက်ခနဲနာသွားပြီးမျက်လုံး​တွေထဲပြာ​ဝေသွား​ပေမယ့်သူ့​ရှေ့သို့တ​ရွေ့​ရွေ့ချဥ်းကပ်လာသည့်မဲမဲသဏ္ဍာန်ကြီး​ကြောင့်​ခေါင်းနပန်း​ကြီးသွားသည်အထိထိတ်လန့်သွားမိသည်။ဘုရား​ရေ! ဖင်ထိုင်ရက်​လေးလဲမိရုံနဲ့​သေမင်းတမန်ကမျက်စိ​ရှေ့ကိုချက်ချင်း​ရောက်လာပါလား.. လို့​တွေးမိပြီး​ချွေး​စေး​တွေပြန်လာ၏။

"မ.. မ..မလာနဲ့​နော်"

ရုတ်တရက်မထနိုင်တာ​ကြောင့်ထိုင်လျှက်နှင့်ပင်​ခြေ​ထောက်နှစ်ဖက်ကိုအားပြု၍အ​နောက်ကိုကတုန်ကရင်ဖြင့်ထိုမဲမဲကြီးနဲ့​ဝေးရာသို့ဆုတ်ရင်းပါးစပ်ကလည်း...

Can We Become Strangers? (✔️)Onde histórias criam vida. Descubra agora