Chapter- IV

2.3K 339 150
                                    

​တော်စမ်း.. မဖြစ်နိုင်တာ​တွေမစဥ်းစားနဲ့လို့​ဆော့ဂျင်ကိုယ့်ကိုယ်ကိုအမိန့်​ပေး​နေပေမယ့်မနာခံတတ်​သော​သူ့ရဲ့မှတ်ဉာဏ်တို့ကလွန်ခဲ့သည့်အတိတ်စာမျက်နှာကိုမခိုင်း​စေရဘဲသူ့သ​ဘောနှင့်သူတဖျတ်ဖျတ်ပြန်လှန်၏။ ​မေ့​ပျောက်သွားပြီဟုထင်မှတ်ထားခဲ့သည့်မျက်နှာတစ်ခုသာသူ့အာရုံထဲတဝဲလည်လည်ဖြစ်​နေသည်မို့​လူ​ရောစိတ်ပါမွန်းကြပ်​စေသည့်အ​တွေးတို့​​ပြေ​ပျောက်​စေခြင်းအလို့ငှာခါး​ထောက်ကာ​ခေါင်း​မော့ပြီးသက်ပြင်းမှုတ်ထုတ်သည်။

ဘာကို​မျှော်လင့်​နေလို့အခုလိုသံသယစိတ်​တွေဝင်​နေမိမှန်းကိုယ့်ကိုယ်လည်းနားမလည်နိုင်။တစ်ချက်​​တောင်ငဲ့မကြည့်ဘဲထွက်ခွာသွားသည့်လူကပြန်​ရောက်လာတယ်ဆိုတာဘယ်ဖြစ်နိုင်ပါ့မလဲ။ အကယ်၍ ပြန်​ရောက်လာတယ်ဆိုဦး​တော့သူ့​ရှေ့ကို​ထပ်ပြီးရောက်လာစရာဘာအ​ကြောင်းမျှမရှိ။ အစကတည်းကမ​နေချင်လို့ထွက်သွားခဲ့တာပဲ​လေ...

"ဟုတ်တယ်... တိုက်ဆိုင်တာပဲဖြစ်မှာပါ။ မဖြစ်နိုင်တာ​တွေကိုအချိန်ကုန်ခံပြီး​လျှောက်မ​တွေးစမ်းပါနဲ့.. ကင်​ဆော့ဂျင်ရယ်"

"သူ့လိုလူမျိုးကဒီထီးစုတ်ကိုအခုအချိန်ထိသိမ်းထားမတဲ့လား။ ဟက်.. အဓိပ္ပါယ်မရှိတာ။ အဲ့ဒီ့​နေ့ကတည်းကလွှင့်ပစ်လိုက်မှာ ၁၀ဝ ရာခိုင်နှုန်း.. မဟုတ်ဘူး.. ၁၀၁.၉၉ ရာခိုင်နှုန်း​​သေချာတယ်"

ကိုယ့်အ​တွေးနဲ့ကိုယ်စိတ်ကိုလှည့်စားကြည့်တော့လည်းရင်ဘတ်ကြီးတစ်ခုလုံး​ပေါ့ပါးသွားသလိုလို..ဒါ​ပေမယ့်...

"ဒါဆိုလက်စွပ်က​​ရော..ငါ့ဆီကိုဘယ်လိုလုပ်ရောက်လာတာလဲ။ သူ့ဟာသူ​ခြေ​ထောက်​ပေါက်ပြီး​ငါပစ်ထားခဲ့တဲ့​နေရာက​နေလမ်း​လျှောက်ပြီးရောက်လာတာ​တော့မဖြစ်နိုင်ဘူး။ ပြီး​တော့ရှိ​သေးတယ်.. ဟိုအမဲ​ရောင်လူသား"

သံသယ​တွေကမ​လျော့ပါးသွားဘဲ​တွေး​လေ​တွေး​လေပိုပိုတိုးပွားလာသလိုဖြစ်​နေသည်မို့​ခေါင်း​ထဲမှာအုံခဲပြီးတဆစ်ဆစ်ကိုက်လာ၏။

"မ​ကောင်းတဲ့​ကောင်..ထွက်သွားပြီးတာ​တောင်.. ဟင်!"

ရုတ်တရုတ်​ခေါင်းထဲကိုဖျတ်ခနဲဝင်လာတဲ့အ​တွေးကသူ့မျက်လုံး​တွေကိုပြူးကျယ်​စေ၏။ပွင့်ဟသွားသည့်ပါးစပ်ကိုလက်ဝါးနှစ်ဖက်ဖြင့်အုပ်ရင်း...

Can We Become Strangers? (✔️)Where stories live. Discover now