Chapter- X

2.1K 294 122
                                    

"Hyung.."

တိတ်ဆိတ်​မှောင်မဲ​နေသည့်တိုက်ခန်းရဲ့အလည်တွင်တိုးတိတ်ညင်သာသည့်​သူ၏ခေါ်သံသည်နားစည်အတွင်းပိုင်းအထိတိုးတိုက်ကာမြည်ဟီးတုန်ခါ၏။ သူ.. ဘယ်အချိန်ပြန်လာ,ပြန်လာအမြဲရင်ဖွင့်ကြိုတတ်သည့်သူ့ရဲ့ Hyungက.. အခု​တော့သူ့အနားက​နေအပြီးတိုင်ထွက်သွားခဲ့ပြီ။ ရင်နာသည့်ခံစားချက်ဟာဒီလိုပဲလားဟု​တွေးမိ​တော့မျက်ရည်​တွေရပ်တန့်သွား​အောင်​ကြေကွဲစို့နင့်ကာအသက်​ရှူ​နေရတာတောင်အဓိပ္ပါယ်မရှိ​တော့သလို..

သူ့ခန္ဓါကိုယ်သည်အဝတ်စတစ်စပစ်ချသလိုပုံခနဲပြိုကျသွား၏။ ပုထုစဥ်လူသား​ပေမို့အတ္တကြီးစွာကိုယ့်အပြစ်ကိုယ်မမြင်ဘဲ'ဘာလို့များမ​စောင့်ခဲ့တာလဲ'ဆိုပြီးအပြစ်ဖို့ကာစိတ်နာချင်သည်။ သူက​ဖြင့်.. ဆက်ဆက်ပြန်လာခဲ့မယ်ဆိုတဲ့ကတိလည်းမ​ပေးခဲ့ဘဲနဲ့...

ကြမ်းပြင်​ပေါ်တွင်ပစ်စလတ်ခတ်လှဲချပစ်လိုက်ပြီးသူကပက်လက်အ​နေအထားဖြင့်အချိန်ကြာ​ညောင်းစွာမလှုပ်မယှက်​နေ,​နေရင်း​ကြေကွဲဝမ်းနည်းခြင်းမှငိုက်မျဥ်းထိုင်းမှိုင်းခြင်းသို့​ရောက်ရှိသွား​တော့၏။ ထို့​နောက်သူကိုယ်တိုင်သတိမထားမိလိုက်ဘဲအိပ်​ပျော်သွား​လေ​တော့သည်။ သို့ရာတွင်ညဥ့်လယ်ယံမှာပင်ပြန်၍နိုးလာပြီးအထီးကျန်ဘဝကိုပထမဆုံးခံစားသိရှိလိုက်ရသည်။ ​ရှေ့ဆက်ပြီးအခုလိုပဲအထီးကျန်ည​တွေကို​ကျော်ဖြတ်ရ​တော့မှာလားလို့​တွေးမိ​တော့ပက်လက်အိပ်​နေလျက်မှ မျက်ဝန်း​ထောင့်စွန်းနှစ်ဖက်က​နေမျက်ရည်နှစ်​ကြောင်းစီးဆင်းကျသွား၏။ သူ့ဘဝထဲမှာအလင်း​ရောင်ဆိုတာ​ပျောက်ဆုံးသွားခဲ့ပြီပဲ..

"ဟင်"

အခန်း​ထောင့်တစ်​နေရာမှလက်ခနဲအရာတစ်ခုကိုမြင်လိုက်ရ၍ထို​နေရာသို့အ​ဆောတလျင်​ပြေးကြည့်မိ​တော့​တွေ့လိုက်ရတာက hyung ရဲ့လက်စွပ်​လေး.. အ​မှောင်ထဲမှာထင်ရှား​နေသည့်လက်စွပ်​လေးနှင့်အပြိုင်သူ့ရဲ့​မျှော်လင့်ချက်​ရောင်ခြည်​လေးကလည်းတဖန်ပြန်ပြီးသက်ဝင်လှုပ်ရှားလာသည်။ hyung နဲ့သူနဲ့ကြားမှာဖူးစာအမျှင်တန်း​လေးကရှိ​နေတုန်းပါလားဆိုတဲ့​မျှော်လင့်ချက်ဖြင့်ထိုလက်စွပ်​လေးကိုလက်ထဲတွင်ကျစ်ကျစ်ပါ​အောင်ဆုပ်ထားမိသည်။ ဒီလက်စွပ်​လေးသူ့လက်ထဲမ​မျှော်လင့်ဘဲရောက်လာသလို hyung လည်းတ​နေ့သူ့ဆီကိုပြန်​ရောက်လာမှာပါ။ ဒါ​ပေမယ့်...

Can We Become Strangers? (✔️)Where stories live. Discover now