Chapter- XXVI

1.9K 246 127
                                    

အခန်း၏အတွင်းပိုင်းအလင်းဝင်ရာပြတင်းပေါက်မှန်သမျှကိုလိုက်ကာများဖြင့်ပိတ်ထားသည့်အပြင်မည်သည့်မီးလုံး မီးချောင်းကိုမျှမထွန်းညှိထားသဖြင့်နေ့ခင်းကြောင်တောင်အချိန်ကြီးမှာတောင်ကိုယ့်လက်ကိုယ်ပင်သဲသဲကွဲကွဲမမြင်ရအောင်အခန်းတစ်ခုလုံးကပိန်းပိန်းပေါက်မှောင်နေသည်။ သူကသက်ပြင်းတစ်ချက်တိုးတိုးရှိုက်ကာအခန်းတွင်းသို့ဝင်၍လိုက်ကာများကိုဆိုးခနဲဆတ်ခနဲတစ်ခုချင်းဆီလိုက်ဆွဲဖွင့်လိုက်သည်။

"အခု.. ဒီလိုနေရမယ့်အချိန်မဟုတ်ဘူး"

မျက်တောင်များကိုမှေးစင်းကာအိပ်ပျော်နေသော boss ကအခန်းထဲကိုစူးခနဲဝင်လာသည့်အလင်းရောင်များကြောင့်မျက်မှောင်ကျုံ့၍အနည်းငယ်လူးလွန့်လာသော်လည်းသူ့စကားတို့ကိုအဖက်တောင်မလုပ်ဘဲမျက်လုံးတွေကိုဆက်မှိတ်ထားသည်။

"Boss"

"မင်းရဲ့ boss မှမဟုတ်တော့တာ.. နှုတ်ထွက်စာတင်ထားတာပဲဘယ်လောက်တောင်ကြာနေပြီလဲ"

ပြန်ဖြေတဲ့အသံကလည်းစိတ်မပါသလိုလေးတိလေးကန်နှင့်.. သူက boss ရဲ့မျက်နှာကိုစူးစူးငေးငေးကြီးစိုက်ကြည့် ၍စိတ်ညစ်ညူးစွာခေါင်းခါမိသည်။ ပြီးမှကိုယ့်စိတ်ကိုယ်ပြန်လည်စုစည်းဟန်ဖြင့်လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး...

"ရား! ဂျွန်ဂျောင်ကု!"

သူ့ရဲ့မချိတင်ကဲအော်ဟစ်သံအဆုံးမှာ boss ရဲ့မျက်ဝန်းအစုံကဖျတ်ခနဲပွင့်လာသည်။ မျက်ဝန်းထဲတွင်အံ့ဩခြင်း၊ ထူးဆန်းခြင်းတစ်စွန်းတစ်စကိုလည်းတွေ့လိုက်ရ၏။

"ရား?"

"Boss မဟုတ်တော့ဘူးဆို။မင်းကငါ့ထက်အသက်အများကြီးငယ်တာပဲ။ အကြီးတစ်ယောက်အနေနဲ့အငယ်ကိုယဥ်​ကျေးတဲ့အသုံးအနှုံး​တွေသုံးစရာမလိုဘူး.. မဟုတ်လား"

မျက်ခုံးတစ်ဖက်ကိုပင့်၍မထီမဲ့မြင်ပုံစံဖြင့် သူပြောလိုက်တော့ Boss ရဲ့မျက်ခုံးတွေကမသိမသာတွန့်ချိုးသွား၏။ ဒါပေမယ့်ဘာစကားမှပြန်မဆိုဘဲမျက်နှာကိုတစ်ဖက်ပြန်လွှဲသွားသည်။

"ကဲ.. ထ.. ထ.. အခုလိုအခန်းတစ်ခုလုံးကိုအမှောင်ချပြီးသွေးစုပ်ဖုတ်ကောင်လိုအခန်းတွင်းအောင်းနေရမယ့်အချိန်မဟုတ်ဘူး။ ဂျင်ဆင်းကြက်ပေါင်းဝယ်လာတယ်.. ထ,စားလိုက်။ ပြီးရင်သွားစရာရှိတယ်"

Can We Become Strangers? (✔️)Opowieści tętniące życiem. Odkryj je teraz