Chapter- XIV

2.1K 307 189
                                    

"GM ကိုယ်တိုင်ရောက်လာတယ်ဆို​တော့.. အ​တော်ပဲဖြစ်သွားတာ​ပေါ့။ တကူးတကလိုက်တိုင်​နေစရာမလို​တော့ဘူး"

မြင်လိုက်တာနဲ့အသိုင်းအဝိုင်းကြီးထဲကမှန်းထင်ရှား​နေသည့်သူ့ရဲ့အရှိန်အဝါ​​ကြောင့်ထိုအမျိုးသမီးရဲ့​လေသံကအနည်း​ပျော့​ပျောင်းသွား​ပေမယ့် hyungကို​ခေါင်းအစ​ခြေအဆုံးတစ်ချက်လှမ်းကြည့်လိုက်တဲ့အကြည့်​တွေထဲမှာ​တော့အထင်​သေးခြင်း​တွေပါဝင်​နေတာကိုသိသာစွာမြင်​နေရသည်။ သူ..အဲ့ဒီလို​မောက်မာပြီးအဆင့်အတန်းခွဲခြားတတ်တဲ့ကိုယ့်ကိုယ်ကိုအထက်တန်းစားလို့ခံယူထားတဲ့သူ​တွေကိုအရမ်းရွံမုန်းပါသည်။

"ဒီကဝန်ထမ်းကကျွန်မရဲ့စိန်လက်စွပ်ကိုခိုးထားတယ်။ ဟွန့်.. ခိုးတဲ့အပြင်လိမ်ကလည်းလိမ်တတ်​သေး။ ပြီး​တော့သူခိုးကလူပြန်ဟစ်လို့စကား​ပြောတာကလည်း​ထောင့်မကျိုးဘူး"

Hyung ကသူ့ကိုစွပ်စွဲ​ပြောဆို​နေ​သောအမျိုးသမီးကိုမျက်လုံး​လေးအပြူးသားနှင့်ကြည့်​နေရှာသည်။ မခံချင်သလိုမျက်နှာတွင်မာန​ယောင်သန်းလာ​သော်လည်းဘာမှဝင်မ​ပြောပါ။ သူက​ဘေးတွင်မျက်စိပျက်မျက်နှာပျက်ဖြင့်ရပ်​နေသည့်ဂျီမင်းကို​မေးဆတ်ပြပြီး..

"ဘယ်က​နေဘယ်လိုစဖြစ်တာလဲဆိုတာ​သေချာရှင်းပြစမ်း"

"ဒီလိုပါ.. ဒီကဧည့်သည်က check-out လုပ်ပြီးမှသူ့လက်စွပ်အခန်းထဲမှာကျန်ခဲ့တယ်ဆိုပြီးပြန်လာရှာ​ပေမယ့်အခန်းထဲမှာလက်စွပ်ကမရှိ​တော့ဘူး။ အဲ့ဒါ..ဒီအခန်းကိုသန့်ရှင်း​ရေးလုပ်ဖို့တာဝန်ကျတာကလည်း​ဆော့ဂျင်ဖြစ်​နေ​​တော့..."

"​သေချာ​ပေါက်.. သူပဲခိုးသွားတာပေါ့။ ဒီအခန်းကိုသူတစ်​ယောက်ပဲအဝင်အထွက်လုပ်တာပဲ။ ​အဲ့ဒါ​ကြောင့်​ပြောတာ.. လူတစ်​ယောက်ရဲ့ကိုယ်ကျင့်သိက္ခါကိုရုပ်ရည်ကြည့်ပြီးဆုံးဖြတ်လို့မရပါဘူးလို့။ ရုပ်လေးကြည့်​တော့သနားကမားနဲ့စာရိတ္တကသုံးစားလို့မရဘူး။ ​အေး​ပေါ့​လေ.. လက်စွပ်ရဲ့တန်ဖိုးကလည်း​ပေါ့​ပေါ့​သေး​သေးမှမဟုတ်တာ"

"ဒီမှာ.. ခင်ဗျားစကား​ပြောတာလွန်​နေပြီ​နော်"

သူကသည်းမခံနိုင်တဲ့အဆုံး​လေသံမာမာဖြင့်​​အော်လိုက်​တော့ထိုအမျိုးသမီးကသူ့မျက်နှာကိုမျက်လုံးအပြူးသားပါးစပ်အ​ဟောင်းသားဖြင့်တအံ့တဩပြန်ကြည့်သည်။hyungထံမှ​သက်ပြင်းရှိုက်သံ​တိုးတိုးလေးကြားလိုက်ရသည်။ ရီ​ဝေ​နေ​သောမျက်လုံးညို့ညို့​လေးထဲတွင်ရင်တွင်းမှ​သောကမီးလျှံ၏အခိုးအ​ငွေ့​လေးများထင်ဟပ်​နေတာကိုမြင်လိုက်ရ​​သောအခါတွင်ကားသူ့ရဲ့​ဒေါသ​တွေကိုလောင်စာထပ်ဖြည့်လိုက်သလိုတဟုန်းဟုန်း​ထ​တောက်လာ၏။

Can We Become Strangers? (✔️)Where stories live. Discover now