Special Chapter: How it Started

2K 208 138
                                    

ထိုနေ့က...

ရာသီဥတုကကြည်လင်နေသော်လည်းတိမ်ထူသောနေ့ဖြစ်တာကြောင့်ပတ်ဝန်းကျင်ကအုံ့မှိုင်းမှိုင်းပေမို့အိမ်ထဲမှာခပ်ဆွေးဆွေးရုပ်ရှင်တွေကြည့်ရင်း စောင်ခြုံထဲမှာပဲကွေးနေလို့ကောင်းမယ့်ရာသီဥတုမျိုးဖြစ်သည်။ သို့ပေမယ့်.. သိပ်မကြာခင်final examဖြေရမည့်တက္ကသိုလ်ကျောင်းသားတစ်ဦးအနေဖြင့် ဘယ်လောက်ပဲပျင်းရိနေပါစေအတင်းကျိတ်မှိတ်ဖျစ်ညှစ်ပြီးစာကျက်ကိုကျက်ရမယ့်ဝတ္တရားကလည်းရှိနေလေတော့.. စိတ်မပါပေမယ့်စာကြည့်တိုက်မှာပဲအချိန်လာဖြုန်းနေရသည်။

"ရုပ်ရှင်တွေထဲကကျောင်းသားတွေလိုစာကျက်စရာမလိုဘဲလတ်လျားလတ်လျား လျှောက်သွားနေလို့ရရင်သိပ်ကောင်းမှာပဲ"

ဟု..စိတ်ထဲမှမကျေမချမ်းတီးတိုးရေရွတ်မိရင်းသက်ပြင်းတစ်ချက်လေးကန်စွာချကာ ကြောင်တစ်ကောင်လိုလက်နှစ်ဖက်ကိုဆန့်တန်း၍အညောင်းဆန့်လိုက်၏။ ထို့နောက်.. ခေါင်းကိုဘယ်တစ်လှည့်ညာတစ်လှည့်စောင်း၍အကြောဖြေနေစဥ်.. သူထိုင်နေသည့်နေရာနှင့်စားပွဲတစ်လုံးခြားက နေရာလွတ်တွင်ဝင်ထိုင်လိုက်သည့်အဝါရောင်ပုံရိပ်လေးဆီသို့မမျှော်လင့်ဘဲအကြည့်ရောက်သွားသည်။

ခေါင်းကိုငုံ့ကာစာအုပ်ကိုပဲစိတ်ဝင်တစားဖတ်နေသည့်ထိုပုံရိပ်လေးကနုဖတ်နေသည့်မျက်နှာလေးနှင့်လွန်စွာပနံသင့်သည့် အဝါရောင်ရှပ်လက်ရှည်၏အောက်တွင်တီရှပ်အဖြူကိုအောက်ခံ၍ဝတ်ဆင်ထားသည်။ မျက်ခုံးနှစ်ဖက်လုံးဖုံးလုနီးပါးရှည်နေသောအရှေ့ဆံပင်အုပ်အုပ်လုံးလုံးလေးကပါးပြင်မို့မို့နှင့်မျက်နှာဖူးဖူးလုံးလုံးလေးကိုဘောင်ခတ်ပေးထားသလိုဖြစ်နေတာကြောင့်ချစ်စဖွယ်လေးဖြစ်နေသည်။ နှုတ်ခမ်းထူထူပြည့်ပြည့်လေးကလည်းဖတ်နေတဲ့စာအုပ်ထဲပိုစိတ်ဝင်စားသွားလေပိုစူထွက်လာလေမို့.. ထိုစုစုထွေးထွေးနှုတ်ခမ်းလေးကိုအကြည့်ရောက်မိခိုက်အသည်းတွေအူတွေထဲမှလိမ့်လိမ့်လာ​အောင်ယားကျိကျိဖြစ်လာသည်။

"ဘာတွေများဒီလောက်တောင်စိတ်ဝင်တစားဖတ်နေပါလိမ့်"

ထိုနှုတ်ခမ်းလေးတွေကိုဆက်မကြည့်မိအောင်ကိုယ့်ကိုယ်ကိုအာရုံလွှဲသည့်အနေဖြင့် အဝါလေးဖတ်နေသည့်စာအုပ်ကိုမြင်သာအောင်ခေါင်းငုံ့ကြည့်လိုက်သည်။ အဝါလေးကသူထင်ထားသလိုကျောင်းစာဖတ်နေတာမဟုတ်ဘဲ The little Prince ဆိုတဲ့ပုံပြင်စာအုပ်လေးကိုဖတ်နေတာမြင်လိုက်ရလို့ပြုံးမိသေးသည်။ သူက စာမေးပွဲနီးလို့စာတွေအသည်းအသန်ကြိုးစားနေတဲ့စာကြမ်းပိုးလေးမှတ်နေတာ..

Can We Become Strangers? (✔️)Where stories live. Discover now