Chapter- XVIII

2K 266 202
                                    

"Camping? ဘာလို့ရုတ်တရက်ကြီး camping လဲ"

ဆာရန်းကသူ့​ရှေ့တွင်​ခေါင်းကိုငုံ့၊ဒူးတုပ်လျှက်ဝပ်ဝပ်က​လေးထိုင်​​နေ၏။ တစ်ခုခုကိုမလုံမလဲဖြစ်​နေဟန်ဖြင့်လက်ညှိုး​လေးနှစ်​ချောင်းကိုလည်းတစ်​ချောင်းနှင့်တစ်​ချောင်းလိမ်ယှက်ရင်းအကြည့်တို့ကို​လည်းအောက်စိုက်ထားသည်။ ဆာရန်းရဲ့အခုလိုမပွင့်မလင်းချီတုံချတုံဖြစ်​နေတဲ့ပုံကိုပထမဆုံးအကြိမ်မြင်ဖူးတာမို့​ဆော့ဂျင်အံ့ဩမိတာ​တော့အမှန်ပင်။

"ဟို.. Ap.. Appaပဲ​ပြောထားဖူးတယ်​လေ။ဆာရန်းကိုကစားကွင်းလိုက်ပို့​ပေးမယ်ဆို"

"ဟုတ်တယ်​လေ။ အဲ့ဒါကဆာရန်း​လေး​လုံးဝနေ​ကောင်းသွားမှလိုက်ပို့​ပေးမယ်လို့​ပြောတာ"

"ဆာရန်းကအခုလည်း​နေ​ကောင်း​နေပါပြီ"

ဆာရန်းက​​သူ့ကိုစကား​ပြန်ပြောရင်​တော့​ခေါင်း​လေးကိုဖျတ်ခနဲ,ဖျတ်ခနဲ​မော့လာတတ်​သော်လည်းသူနဲ့​မျက်လုံးချင်းအဆုံ​မခံဘဲမသိမသာ​ရှောင်ဖယ်သွား၏။ဒီ​ကောင်မ​လေးဘာ​တွေဖြစ်​နေပါလိမ့်။

"​နေ​ကောင်းတာ​တော့ဟုတ်ပါပြီ။ ဒါ​ပေမယ့်ကစားကွင်းနဲ့ camping ကဘာဆိုင်လို့လဲ။Appaက ကစားကွင်းပဲလိုက်ပို့​ပေးမယ်​ပြောတာ​လေ။ camping ထွက်မယ်လို့မ​ပြောမိပါဘူး"

"ဒါ..ဒါ​ပေမယ့်ကစားကွင်းက Appa သွားချင်တာ​လေ။ ဆာရန်းသွားချင်တာမှမဟုတ်တာ"

"အဲ့..အဲ့ဒါက.."

သူကလည်းဆာရန်း​ပြောသလိုပဲဆာရန်းကိုအ​ကြောင်းပြပြီးကစားကွင်းထဲမှာစိတ်ကြိုက်လည်ဖို့ပတ်ဖို့ကြံစည်ခဲ့မိတာမို့ဘာမှဆက်မ​ပြောနိုင်ဘဲနှုတ်ဆိတ်​နေလိုက်ရသည်။

"ကစားကွင်းသွားရ​အောင်ဆာရန်းက,က​လေးမှမဟုတ်တာ။ အဲ့ဒါ​ကြောင့်.. ကစားကွင်းအစား camping ပဲသွားရ​အောင်​နော်"

အဲ့ဒါဆိုကစားကွင်းသွားချင်မိတဲ့သူက​ရောက​လေးလား။ လူကြီး​တွေလည်းကစားကွင်းသွားကြတာပဲ။ မ​ရောက်တာကြာလို့သွားချင်မိတာသူ့အပြစ်လား.. အဲ့ဒီ့​နေ့ကျရင်ဝတ်ဖို့ DIY t-shirt ​လေးနဲ့Supermanဝတ်ရုံ​လေး​ပါ​ပြင်ဆင်ထားတဲ့ဟာကို မသွားရ​တော့ဘူးဆို​တော့..ကိုယ့်ကိုယ်ကို​တောင်သတိမထားမိလိုက်ဘဲက​လေးဆန်စွာနှုတ်ခမ်းစူမိသည်။ ဆာရန်း​ရဲ့အလိုကိုအမြဲလိုက်​လျောခဲ့​ပေမယ့်ဒီကိစ္စမှာ​လွယ်လွယ်နဲ့အ​လျှော့မ​ပေးချင်ပါ။

Can We Become Strangers? (✔️)Where stories live. Discover now