Chapter- XXI

1.8K 268 128
                                    

​ဝေးလံ​သောခရီးကြမ်းတစ်ခုကိုဖြတ်​ပြေးလာရသဖြင့်လူကအင်အားကုန်ခမ်းပြီးနွမ်းနယ်​နေသည်။ အင်အားရှိသမျှမနားတမ်းသာ​​ပြေးလွှား​နေရ​သော်လည်းဘယ်ဆီကို​ပြေး​နေမိမှန်းလည်းမသိ.. ဘယ်ဆီကို​ရောက်​နေမှန်းလည်းမသိ.. မြင်မြင်သမျှ​နေရာတိုင်းမှာအ​မှောင်ထုကြီးသာကြီးစိုးမင်းမူ​နေသည်။ ဒါ​ပေမယ့်.. သူလက်မ​လျှော့ပါ။ ​ခြေလက်​တွေမသယ်ချင်​လောက်​အောင်ပင်ပန်း​နေလည်းဒီအ​မှောင်ထုထဲမှလွတ်​မြောက်​အောင်မနားတမ်းဆက်​ပြေး​နေ၏။

"​ဂျောင်ကု"

ပိန်းပိတ်​​နေတဲ့အ​မှောင်ဟာရုတ်တရက်​ကောင်းကင်ဘုံလိုလင်းချင်းသွားသည်။ အရပ်ရှစ်မျက်နှာအနီးဝန်းကျင်ကို​မျှော်ကြည့်လိုက်​တော့ကမ္ဘာဦးအစကိုပြန်​ရောက်သွားသလို.. ကြည်လင်ရှင်းသန့်​တဲ့​မိုး​ကောင်းကင်​​ပေါ်တွင်လှပဆန်းကြယ်တဲ့တိမ်မျှင်ဖြူဖြူ​လေး​တွေကလွင့်​မျော​ပြေးလွှား​နေသည်။ သန့်ရှင်းလတ်ဆတ်တဲ့​လေ​ပြေညှင်းတို့ကသာသာညင်းညင်း​လေးတိုက်ပြီးသူ့ကိုအ​မော​ပြေ​ဆေး​ကျွေး​နေဟန်ရှိသည်။ပန်း​ရောင်စုံများကိုအ​ဖော်ပြုပြီးချစ်စရာလိပ်ပြာ​လေး​တွေကလည်းဟို,ဒီပျံဝဲ​နေကြသည်။

"​​ဂျောင်ကု"

"Hyung?"

ဟုတ်တယ်.. သူ့ရဲ့ hyung.. သူ့ရဲ့ hyung ကအဖြူ​ရောင်ဝတ်စုံ​လေးကိုဝတ်ဆင်ထားသည်။ ​ခေါင်း​ပေါ်မှာလည်းပန်း​ရောင်စုံ​လေး​များဖြင့်ပြုလုပ်ထားသည့်သရဖူ​လေးတစ်ခုနှင့်.. ​​တောက်ပ​နေတဲ့အလင်း​ရောင်​အောက်မှာစိတ်အလှရုပ်အလှ​ပေါင်းစပ်​နေ​သောမျက်နှာက​လေးသည်အလှဆုံးနတ်သား​လေးတစ်ပါးနှင့်တူ​နေသည်။

"​ဂျောင်ကု"

Hyung ကသူ့နာမည်ကိုတ​ကြော်​ကြော်​အော်ရင်းပန်း​လေး​တွေတ​ပွေ့တပိုက်နှင့်သူ့အနားကိုက​လေး​လေးတစ်​ယောက်လိုရွှင်မြူးစွာခုန်​ပေါက်​ပြေးလာသည်။

"​​ဂျောင်ကု.. ဟိုနားမှာ​လေ.. "

သူက hyung ကိုစကားဆိုခွင့်မပြုဘဲလက်က​လေးကိုဖမ်းဆွဲ၍ခါး​လေးကိုလက်နှစ်ဖက်ဖြင့်သိမ်းဖက်လိုက်​တော့တင်းကြပ်တဲ့အချုပ်အ​နှောင်ကြားမှာ hyung ရဲ့ကိုယ်​လေးနစ်မြုပ်​ပျောက်ကွယ်သွားကာခါး​လေး​ကော့​ခေါင်းက​​လေး​မော့သွားသည်။

Can We Become Strangers? (✔️)Where stories live. Discover now