Chapter- XXII

2K 262 215
                                    

"ဦး​လေး"

အသံဆာဆာ​လေးနဲ့​အော်ပြီး​ပြေးဝင်လာတဲ့ဆာရန်းရဲ့​နောက်မှာချစ်စဖွယ်အပြုံး​လေးနဲ့လိုက်ပါလာသူက.. သူ့ရဲ့ hyung.. ဒါဟာ.. အိပ်မက်တစ်ခုမဟုတ်သလို.. သူစိတ်ကူးယဥ်​နေတာလည်းမဟုတ်ပါ။ hyung ကအခုသူ့မျက်စိ​ရှေ့မှာတကယ်ရှိ​နေပြီးသူ့ကိုလှိုက်လှိုက်လှဲလှဲပြုံးပြ​​နေသည်။ သူက hyung ရဲ့မျက်နှာအစိတ်အပိုင်းတစ်ခုစီတိုင်းကိုအလွတ်ရတာထက်ပို​အောင်​ငေးကြည့်​နေမိသည်။ လွမ်းလိုက်ရတာ.. အခုမျက်စိ​ရှေ့မှာမြင်​နေရတာ​တောင်မ​ရောင့်ရဲနိုင်..အလွမ်း​​တွေက​ပြေမသွားနိုင်ပါလား..hyung နဲ့များ​နောက်တစ်ကြိမ်ထပ်ခွဲရမယ်ဆိုရင်လွမ်းနာကျပြီး​သေသွားနိုင်​မည်ထင်သည်။

"အဟမ်း.. မျက်လုံးကြီးလည်းကျွတ်ထွက်သွားဦးမယ်"

ဆာရန်း​ကသူကြား​နိုင်ရုံ​လေသံ​ဖြင့်တိုးတိုးကျိတ်ကျိတ်လှမ်း​ပြော​တော့သူကသ​ဘောကျစွာသွား​တွေ​ပေါ်​အောင်ပြုံးလိုက်ပြီးဆာရန်း​​ရှေ့တွင်မုဆိုးဒူး​ထောက်ထိုင်လိုက်သည်။

"​ရောက်လာပြီလား.. လူကြီးမ​လေး"

"ဆာရန်းပါဆိုမှ.. ကင်ဆာရန်း.. ဘာလို့ဒီနာမည်​လေး​တောင်အခုချိန်ထိမမှိတ်မိနိုင်ရတာလဲ"

သူထင်ထားတဲ့အတိုင်း.. ဆာရန်းကနှုတ်ခမ်းကိုချွန်​နေ​အောင်​ထော်ပြီးမ​ကျေမနပ်လေသံ​ဖြင့်ပြန်​ပြောသည်။ သူကလည်းဆာရန်းမကြိုက်မှန်းသိရဲ့နဲ့ မ,စရမ​​နေနိုင်။ အဲ့လိုပြန်ပြန်ရန်​တွေ့တတ်တာ​လေးကိုပဲအသည်းယား​နေမိတာဖြစ်သည်။

"က​လေးမ​လေးလို့​ခေါ်တာမကြိုက်ဘူးဆိုလို့လူကြီးမ​လေးလို့​ပြောင်း​ခေါ်တာ​လေ.. အဲ့ဒါလည်းမကြိုက်ဘူးလား"

"ထားလိုက်ပါ​တော့.. ​နေမ​ကောင်းတဲ့လူမို့လို့ဆာရန်းကပဲသ​ဘောထားကြီးပြီးဒီတစ်ခါ​တော့ခွင့်လွှတ်​ပေးလိုက်မယ်။ ဒါနဲ့.. အခုထိ​နေမ​ကောင်း​သေးဘူးလား"

"အင်း"

"အဲ့ဒါဆို..မြန်မြန်​နေ​ကောင်း​အောင်လုပ်​လေ။ ဦး​လေးကဒီ​ဆေးရုံဝတ်စုံကြီးနဲ့ကြည့်မ​ကောင်းဘူး"

Can We Become Strangers? (✔️)Where stories live. Discover now