Chapter- XVI

2K 282 173
                                    

သန့်ရှင်း​ရေးမလုပ်ဖြစ်တာကြာပြီမို့အနည်းငယ်ရှည်​နေပြီးနွမ်း​ခြောက်​နေသည့်မြက်ပင်တစ်ချို့ကိုလက်လှမ်းမီသ​လောက်လိုက်နှုတ်ကာ အဖြူ​ရောင်လီလီပန်းစည်း​လေးကိုအုတ်ဂူ​လေးရဲ့​ရှေ့တွင်အသာအယာချထားလိုက်သည်။ ဒီကိုလာခဲ့တဲ့လမ်းတစ်​လျှောက်လုံး​ရင်ထဲမှာစာစီထားခဲ့တဲ့စကားလုံး​​တွေရင်ထဲမှာပြွတ်သိပ်​နေ​အောင်ရှိ​နေ​ပေမယ့်တကယ်တမ်းဒီ​ရှေ့ကို​ရောက်​လာတော့လည်းစကားလုံး​တွေကလည်​ချောင်းဝတွင်စို့နင့်​နေပြီးဘယ်က​နေဘယ်လိုစ​ပြောရမှန်း​တောင်မသိ။ ​ခေါင်းကိုသာငိုက်စိုက်ချထားမိသည်။

"ဘာလို့​ခေါင်းကငုံ့ထားပြန်တာလဲ။Oppaမှာဘာအပြစ်​ရှိလို့လဲ"

အားမလိုအားမရဆူပူတဲ့အသံ​လေးကနားထဲတိုးဝင်လာသလိုခံစားလိုက်ရလို့​ခေါင်းငုံ့လျက်ပင်ပြုံးမိ​သေးသည်။ ဟုတ်ပါရဲ့..အခု​နေများယူ​ဂျောင်းသာသူ့အနားမှာရှိ​နေရင်​ပျော့ညံ့ပြီး​တွေ​ဝေတတ်လွန်းတဲ့သူ့ကိုဆူလို့ဆုံးမှာကိုမဟုတ်​တော့ဘူး။

"လူတစ်​ယောက်ကို​လွယ်လွယ်ကူကူနဲ့မေ့လို့ဘယ်ရပါ့မလဲ.. အထူးသဖြင့် ခံစားချက်​တွေ​၊ ​မေတ္တာတွေနဲ့ချည်​နှောင်ထားမိရင်​​ပေါ့။ ဒါ​ပေမယ့်..ဒီလူမရှိလို့မရှင်သန်နိုင်ဘူးဆိုတာ​တော့မရှိဘူး။ အသက်ရှင်ခွင့်ရ​နေသ​ရွေ့ဘယ်သူမှအနားမှာမရှိလည်းတစ်​ယောက်တည်းဖြစ်​အောင်ရပ်တည်ရမှာပဲ"

"Oppa က​ပျော့ညံ့တာမဟုတ်ပါဘူး။ စိတ်ထားနူးညံ့တာပါ။ အဲ့ဒါ​ကြောင့်.. ကိုယ့်ကိုယ်ကိုလွယ်လွယ်နဲ့အရှုံး​ပေးတတ်တဲ့သူတစ်​ယောက်လို့မခံယူထားပါနဲ့။ လွယ်လွယ်နဲ့အရှုံးမ​ပေးတတ်လို့လည်းခုချိန်ထိတစ်​ယောက်တည်းကြိုးစားရုန်းကန်​နေတာ​ပေါ့.. မဟုတ်ဘူးလား"

တစ်ချိန်ကစိတ်ဓါတ်​တွေအကြီးအကျယ်ကျပြီး​လေလွင့်​နေခဲ့တဲ့သူ့ကိုစိတ်ဓါတ်မာ​ကျောပြီးထက်မြတ်တဲ့ယူ​ဂျောင်း​ကပဲအ​မှောင်ကမ္ဘာထဲက​နေအလင်း​ထဲကိုဆွဲ​ခေါ်​ပေးခဲ့တာ။ အဲ့ဒါ​ကြောင့်အမြဲတမ်းရဲရင့်ပြီးစိတ်ဓါတ်မာ​ကြောတဲ့ယူ​ဂျောင်းကိုသူကနာမည်​ပေးထားသည်.. သံမဏိနှင်းဆီလို့။

Can We Become Strangers? (✔️)Waar verhalen tot leven komen. Ontdek het nu