Chapter- XXIV

1.9K 247 144
                                    

14 ရက်၊336 နာရီ၊ 20,160 မိနစ်၊ 1,209,600စက္ကန့်

"မဟုတ်​သေးပါဘူး။ မ​တွေ့ရတာစက္ကန့်​ပေါင်းတစ်သန်း​ကျော်​တောင်ကြာသွားလို့ဒီက.. ကမ္ဘာပြိုမတတ်လွမ်း​နေရတာကိုသူကဘာလို့ဒီ​လောက်​တောင်​သွေး​အေး​အေးနဲ့ဘာမှမဖြစ်သလို​နေနိုင်ရတာလဲ။ အဲ့ဒါဘာလို့လဲ"

"ကျွန်​တော်လည်းဘယ်သိပါ့မလဲ။ ​ဆော့ဂျင်ရှီရဲ့စိတ်ထဲကိုဖြဲဝင်ပြီးဘာ​တွေရှိ​နေလဲဆိုတာကြည့်လို့မှမရတာ"

​ဒေါသ​တွေနဲ့ရှူးရှူးရှဲရှဲဖြစ်​နေသည့်သူ့ကိုအတွင်း​ရေးမှူးမင်က.. ကား​ကိုဂရုတစိုက်​မောင်းရင်း​လေ​အေး​လေးနှင့်ပင်ပြန်​ဖြေသည်။ အတွင်း​ရေးမှူးမင်​ပြောသလိုပဲ.. ဖြစ်နိုင်ရင်သူလည်း hyung ရဲ့စိတ်ထဲဝင်ပြီး hyung ဘာ​တွေ​တွေး​နေသလဲဆိုတာကိုဝင်ကြည့်လို့ရမယ်ဆိုရင်ကြည့်လိုက်ချင်ပါရဲ့။ မျက်နှာ​လေးမမြင်ရရင်​တောင်အသံ​လေးဖြစ်ဖြစ်ကြားချင်မိတာ၊ ​ရင်ခွင်ထဲမှာပွေ့ဖက်ထားခွင့်မရှိရင်​တောင် 'လွမ်းတယ်' ဆိုတဲ့စကား​လေးတစ်ခွန်းနဲ့​ရင်ထဲက​ဝေဒနာ​တွေကို​ဖြေသိမ့်ချင်တာ.. အဲ့လိုစိတ်​တွေသူ့ဘက်ကပဲတစ်ဖက်သတ်ဖြစ်​နေရတာမတရားဘူးလို့ထင်မိသည်။ အခုလည်းကြည့်​လေ.. သူကအသံ​လေးကြားချင်လို့ဖုန်းဆက်ရင်​တောင်ဖုန်းကိုကိုင်ချင်မှကိုင်တယ်..ဖုန်း​ပြောဖြစ်ရင်လည်း '​နေ​ကောင်းလား' 'စားပြီးပြီလား' 'ကျန်းမာ​ရေးဂရုစိုက်' ဆိုတဲ့စကား​တွေကလွဲရင်တခြားဘာမှမ​ပြော.. အဲ့ဒါဖြစ်သင့်ရဲ့လား..

"အဲ့လိုမသိဘူးလို့လွယ်လွယ်​ပြောလို့ဘယ်ရမလဲ။ ကျွန်​တော်မသွားခင်က.. အတွင်း​ရေးမှူးမင်ကိုအသက်.. အဲ.. hyung ကို​သေချာ​စောင့်​ရှောက်​ပေးပါလို့မှာခဲ့လား.. မမှာခဲ့ဘူးလား.. ဟင်။ အတွင်း​ရေးမှူးမင်သာ​ပေးထားတဲ့တာဝန်ကို​ကျေရင်ကျွန်​တော်ဒီလို​ယောက်ယက်ခတ်​နေစရာအ​ကြောင်းရှိမှာမဟုတ်ဘူး"

"ဟာ.. ကျွန်​တော်လည်းတမင်သက်သက်ပျက်ကွက်တာမှမဟုတ်တာ။ Boss ထွက်သွားပြီးသိပ်မကြာဘူး.. ဘူဆန်ရုံးခွဲမှာပြဿနာ​ပေါ်လို့ဆိုပြီးအတင်းလွှတ်လို့ဘူဆန်ကိုအားချင်းထွက်ခဲ့ရပါတယ်လို့​သေချာရှင်းပြပြီးပြီပဲ။ ဘယ်နှစ်ခါ​ပြော​နေရဦးမှာလဲ"

Can We Become Strangers? (✔️)Where stories live. Discover now