Chapter- XXVIII

1.6K 233 128
                                    

"ဟင့်အင်း.. အဲ့ဒါကြီးမဆောင်းချင်ဘူး။ အဲ့ဒါကြီးနဲ့ဆိုရုပ်ဆိုးသွားမှာ"

Radiationနဲ့ကင်ဆာဆေးအပြင်းစားတို့ကြောင့်အသက်ကလေးရဲ့ဆံပင်တွေအထွေးလိုက်ကျွတ်ကုန်၏။ အဲ့ဒါကြောင့်မနက်အိပ်ရာထတိုင်းခေါင်းအုံးပေါ်နှင့်ဆေးရုံးကုတင်ဖြူဖြူပေါ်တွင်အဆုပ်လိုက်ပြန့်ကျဲနေတဲ့ဆံပင်တွေကိုမြင်တိုင်းမှန်တောင်မကြည့်ချင်တော့အောင်စိတ်ဓါတ်ကျနေတဲ့သူ့ရဲ့အသက်ကလေးအတွက်ချစ်စရာသိုးမွှေးဦးထုပ်နီနီလုံးလုံးလေးကိုသူပြင်ဆင်လာခဲ့သည်။ ဒါပေမယ့်.. အသက်ကလေးကအဲ့ဒီ့ဦးထုပ်ဆောင်းရင်လူမမာနဲ့ပိုတူသွားပြီးပိုရုပ်ဆိုးသွားမှာ.. ဆိုတဲ့အကြောင်းပြချက်ဖြင့်ဦးထုပ်ကိုအဆောင်းမခံဘဲဂျီကျနေတော့သည်။

"ရုပ်ဆိုးတယ်ဆိုတဲ့စကားကကင်ဆော့ဂျင်အတွက်မဟုတ်ဘူး။ ကင်ဆော့ဂျင်ရဲ့ဘယ်ခန္ဓာကိုယ်အစိတ်အပိုင်းကိုမှအဲ့ဒီ့စကားသုံးလို့မရဘူး"

သူကကုတင်ပေါ်မှခြေထောက်နှစ်ချောင်းကိုတွဲလောင်းချကာစူပုပ်ပုပ်လေးထိုင်နေတဲ့သူ့ရဲ့အသက်လေးကိုဦးထုပ်ဆောင်းပေးလိုက်ပြီးပါးပြင်လေးကိုလက်မဖြင့်နူးညံ့ယုယစွာပွတ်သပ်ရင်းပြောတော့အသက်ကလေးကမယုံဘူးပါဆိုတဲ့မျက်နှာလေးဖြင့်သူ့ကိုမျက်စောင်းထိုးကြည့်သည်။

"အဲ့ဒါ.. လိမ်တာ။ ဒီလောက်ကိုယ်အလေးချိန်တွေအများကြီးကျသွားတာကို.. ဘယ်လိုလုပ်ကြည့်ကောင်းပါတော့မလဲ"

"အသက်ကလေးက.. ပိန်လည်းကြည့်ကောင်းတယ်။ နဂိုကတည်းကမျက်နှာကျက သွယ်သွယ်လေးမို့လို့ပိန်သွားရင်မေးရိုးတွေပိုထင်းပြီးပိုလို့တောင်ယောက်ျားပီသသွားသေးတယ်"

"တကယ်?"

"တကယ်ပေါ့"

"ဆော့ဂျင်းနီ!!!"

အသံလာရာကိုသူတို့နှစ်ဦးတစ်ပြိုင်တည်းလှည့်ကြည့်လိုက်တော့အခန်းထဲကိုရှေ့ဆင့်နောက်ဆင့်ဝင်လာကြတဲ့ဂျီမင်းနဲ့အတွင်းရေးမှူးမင်ကိုတွေ့ရ​လေသည်။ ဂျီမင်းကထုံးစံအတိုင်းမျက်လုံးပေါက်လေးတွေပျောက်သွားအောင်ပြုံးရင်းဆော့ဂျင်ဆီသို့တန်းတန်းမတ်မတ်သွားကာတင်းကြပ်စွာဖက်၍နှုတ်ဆက်လေသည်။

Can We Become Strangers? (✔️)Where stories live. Discover now