Chapter- IX

2.2K 300 215
                                    

"အရမ်းချစ်တာပဲ.. hyung ရယ်"

ထိုစကားကိုစိတ်ထဲက​နေ​ပြော​နေတာမဟုတ်ဘဲသူသည် hyung ရဲ့ကိုယ်လုံး​လေးကို​ပွေ့ပိုက်ကာနား,နားတွင်​လေသံတိုးတိုးဖြင့်ကပ်​ပြောလိုက်ခြင်းဖြစ်သည်။သို့​ပေမယ့်ညကမက်မ​ပြေတဲ့အချစ်ခရီးအဆုံးမှာနွမ်းလျစွာအိပ်​​ပျော်သွားရှာသည့် hyungက​တော့ထိုစကားကိုကြားလိမ့်မည်မဟုတ်။ သူ၏ရင်ခွင်ထဲတွင်အိပ်​မောကျ​နေသည့်မျက်နှာလှလှ​လေးကိုမြတ်နိုးမဝစွာစိုက်ကြည့်ရင်းနီရဲ​​ဖောင်းတွတ်နေ​သောနှုတ်ခမ်းသား​လေးကိုအသာအယာစုပ်ယူနမ်းလိုက်သည်။

"ကျွန်​တော်​ပြောတာကြားလား..ထ​တော့​လေ။ hyung ကို​ပြောစရာစကား​တွေအများကြီးရှိတယ်"

သူက Hyung ကြား​အောင်တတွတ်တွတ်​ပြောကာနှိုး​တော့ hyung ကအနည်းငယ်လူးလွန့်လာ​ပေမယ့်အိပ်​ပျော်​နေဆဲပင်။ မချင့်မရဲစိတ်တို့ဖြင့် hyung ရဲ့ ကိုယ်​လေးကိုမ​နေနိုင်​လောက်​အောင်ဖျစ်ညှစ်လိုက်ပြီး ပခုံးစွန်း​လေးကိုခပ်ဖွဖွ​ကိုက်လိုက်သည်။

"Hyung.."

"ဟင်"

Hyung ကအိပ်ရာကမနိုး​သေးဘဲလျက်မျက်လွှာ​လေးလှန်ကာကြည့်သည်။ မျက်လုံး​လေးများကပြန်မှိတ်သွား​သော်လည်းသာယာ​သောအိပ်မက်က​လေးများကိုဆက်မက်​နေသည့်ဟန်မျက်နှာ​လေးမှာနှုတ်ခမ်း​ထောင့်ကအခွက်က​လေးများ​ပေါ်သည့်အထိပြုံး​နေ၏။

"ကျွန်​တော်​ပြောတာကြားလား.. ကြားလို့ပြုံး​နေတာလား.. ဟုတ်လား"

Hyung ထံမှဘာအ​ဖြေစကားမှပြန်မကြားရ။ သူဘာ​တွေ​ဖြစ်နေလဲ၊ ဘာ​တွေ​ပြော​နေလဲဆိုတာဘာမျှနားမလည်ပုံမရ​သော hyung ကသူ့ရင်ခွင်ထဲကို​ခေါင်း​လေးတိုး၍ဆက်လက်အိပ်​မောကျ​နေသည်။ သူက​တော့အိပ်​ပျော်​နေ​သော hyung ရဲ့မျက်နှာ​လေးကို​မေးဖျားက​နေပင့်​မော့ကာအသည်းတယားယားဖြင့်မျက်နှာ​လေးအနှံ့အငမ်းမရနမ်းရှိုက်လိုက်၏။ဒီလူသား​ကိုမှအသည်းနှလုံး​တွေ​ကြွေကျမတတ်ချစ်​နေပါပြီလို့အတည်ပြုဝန်ခံလိုက်ကတည်းကခန္ဓါကိုယ်တစ်ခုလုံးအချစ်ဆိပ်​တွေတက်လာသလိုချစ်​လေချစ်​လေ.. ချစ်မ​ပြေနိုင်။

Can We Become Strangers? (✔️)Where stories live. Discover now