Chapter- XII

2.1K 273 179
                                    

"မလုပ်​ပေးနိုင်ဘူး။ မ​ကျေနပ်ရင်ထုတ်ပစ်လိုက်"

အတွင်း​ရေးမှူးမင်၏နှုတ်ထွက်စကား​သည်မျက်နှာထားနှင့်အပြိုင်ပြတ်သား​နေ၏။ စိန်​​ခေါ်ရုံသက်သက်​​​ပြောလာသည့်စကားမဟုတ်မှန်းသိ​နေသည့်အတွက်သူ့ဘက်ကပါပြန်တင်းလိုက်လျှင်အကုန်လုံးအပျက်ပျက်နှင့်နှာ​ခေါင်း​သွေးထွက်နိုင်သည်။ ထိုကဲ့သို့မဖြစ်ရ​လေ​အောင်ကြိုတင်ကာကွယ်သည့်အ​နေဖြင့်သူ့ဘက်ကစပြီးတစ်ထစ်​လျှော့​ပေးမှ​တော်ကာကျမည်။ မဟုတ်ရင် hyung ​ရှေ့တွင်သူလိမ်ထားညာထားသမျှစက္ကန့်ပိုင်း၊မိနစ်ပိုင်းအတွင်းဘူး​ပေါ်သလို​​ပေါ်သွားနိုင်သည်။ အခုမှ hyung နဲ့ ရင်းနှီးဖို့လမ်းစ​လေးမြင်ရုံရှိ​သေးသည်.. ဒါမျိုး​တော့သူဘယ်လိုမှအဖြစ်မခံနိုင်ပါ။

"အဲ့လို​တော့မျက်နှာလွှဲခဲပစ်လုပ်လို့ဘယ်ရမလဲ။ ဒီလို​တွေသရုပ်​​ဆောင်ငှားရတဲ့အထိလုပ်ရတာဘယ်သူ့​ကြောင့်လဲ။ 'ဒရိုင်ဘာ' ဇာတ်ညွှန်းကို​ရေးတာဘယ်သူလဲ"

သူ့စကား​ကြောင့်အတွင်း​ရေးမှူးမင်​အနည်းငယ်တွေ​ဝေသွားပုံရသည်။ ​မျက်​မှောင်ကြုတ်ကာ​ခေတ္တမျှစဥ်းစား​ပြီးမှ..

"အို​ခေ.. အဲ့ဒါဆိုမျှမျှတတဖြစ်​အောင် kawi bawi bo"

"အမ်"

"သုံးပွဲကစားမယ်။ boss နိုင်ရင် boss ခိုင်းတဲ့အတိုင်းလုပ်​ပေးမယ်။ ကျွန်​တော်နိုင်ရင်​တော့..."

"​ကောင်းပြီ။ ဒါ​ပေမယ့်.. ရှုံးရှုံး၊နိုင်နိုင် မန်​နေဂျာဂျီမင်းရဲ့အကူအညီကို​တော့ယူလို့ရတယ်မဟုတ်လား"

"​ဆော့ဂျင်ကိုရိုက်ကွင်းနားမသွား​စေနဲ့လို့ကျွန်​တော်ဂျီမင်းကို​သေချာ​မှာထားပါတယ်"

"ပြီး​ရော.. ဒါနဲ့ အတွင်း​ရေးမှူးမင်.. မင်း​တော့အ​​ရွေးမှားသွားပြီ။ ငါက kawi bawi bo ဆိုသိပ်ကျွမ်းတာ"

ကျွမ်းကျင်သူကြီးကလည်းကံတရားရဲ့မျက်နှာသာ​ပေးခြင်းကိုမခံရ​လေ​တော့.. အရှုံး​နဲ့သာရင်ဆိုင်ရပြီး​ခေါင်းငိုက်စိုက်ချ၍သာရိုက်ကွင်းရှိရာသို့ကိုယ်တိုင်ပဲထွက်လာခဲ့ရ​တော့သည်။ မင်ယွန်ဂီတို့က​တော့အနိုင်ရပြီဆိုတာနဲ့​လှောင်အိမ်ကလွတ်​မြောက်သွားတဲ့ငှက်တစ်​ကောင်နှယ်​ပြေးထွက်သွားလိုက်တာလှစ်ခနဲ.. သူ့မှာ​ဈေးဆစ်ချိန်​တောင်မရလိုက်။

Can We Become Strangers? (✔️)Where stories live. Discover now