Chapter- VII

2.4K 300 158
                                    

"​ဂျောင်ကု"

​ဆော့ဂျင်က​​သူ့အလုပ်ကိုတစ်ခါမှမလိုက်လာဖူးတဲ့ဂျောင်ကုကိုရုတ်တရက်မြင်လိုက်ရ၍ဝမ်းသာအားရ​​ဂျောင်ကုရဲ့နာမည်ကို​အော်​ခေါ်မိရင်းလူကပါအ​ပျော်လွန်ပြီးခုန်ဆွဆွဖြစ်သွားသည်။ ​ဂျောင်ကု၏ကားကို​ကျောမှီရင်း​လက်တစ်ဖက်ကို​ဘောင်းဘီအိတ်ကပ်ထဲထည့်ပြီးရပ်​နေပုံကစတိုင်ကျကျကြည့်​ကောင်း​နေ၏။

ဖြူဝင်း​သောမျက်နှာ​ပေါ်ကမျက်မှန်အမည်းကြီးရယ်.. ရိတ်ပြီးခါစစိမ်းညို့ညို့ပါးသိုင်း​မွှေး​ရေး​ရေး​လေး​တွေကပုံစံတကျရှိလွန်းကာနီမြန်း​သောနှုတ်ခမ်းပါး​တွေက​အစငေးကြည့်ချင်စရာ​ကောင်းလွန်းသည့်​ဂျောင်ကုကိုလမ်းသွားလမ်းလာ​ကောင်မ​လေးများကသမင်လည်ပြန်​ငေး​မောသွားကြတာကိုမြင်​ရတော့မ​ကျေနပ်မှု​တွေက​ခေါင်း​ထောင်လာပြီးကိုယ့်ကိုယ်ကို​တောင်သတိမထားမိလိုက်ဘဲနှုတ်ခမ်းကအလိုလိုစူမိသွားသည်။

"အဲ့ဒါက.. ဘာဖြစ်သွားတာလဲ"

စူ​ထော်ထားမိတဲ့နှုတ်ခမ်း​လေးကိုညှစ်ကိုင်ရင်းခပ်မြူးမြူး​လေသံဖြင့်​မေးလာ​တော့မ​ကျေနပ်သည့်စိတ်တို့က​လေးတိုးခံရတဲ့ရွက်​ကြွေ​တွေလိုရှဲခနဲအသံ​ပေးပြီးထွက်​ပြေးကုန်၏။

"ဒီကို.. ဘာလာလုပ်တာလဲ"

"ဘာလဲ.. လာလို့မရဘူးလား"

​ဂျောင်ကုက​တော့အမြဲဒီအတိုင်းပင်..သူ့ဘက်ကတစ်ခုခု​မေးမိလျှင်​မေးခွန်းနဲ့ပဲတုံ့ပြန်တတ်သည်။ မ​နေ့ကပဲစိတ်​တွေဆိုးပြီးအိမ်​ပေါ်က​နေဝုန်းဒိုင်းကြဲဆင်းသွားတဲ့သူကအခုလိုဘာမှမဖြစ်သလိုမျက်နှာ​ပေးနဲ့သူ့​ရှေ့​ရောက်လာတာကိုသူ..မအံ့ဩရ​တော့ဘူးလား။ ပါးစပ်ကထုတ်​မေးမိပြန်ရင်လည်းရန်ဖြစ်ရမယ့်ကိစ္စတစ်ခုသာထပ်တိုးလာနိုင်တာ​ကြောင့်​ဂျောင်ကုရဲ့ကြည်လင်​နေတဲ့စိတ်အ​ခြေအ​နေကိုအ​နှောင့်အယှက်မဖြစ်​စေချင်တာနဲ့ပဲ​ရေငုံနှုတ်ပိတ်​နေလိုက်သည်။

"သွားစရာရှိတယ်.. တက်"

သူကနာခံစွာ​ခေါင်းညိတ်ပြလိုက်ပြီးအသင့်ဖွင့်​ပေးထားတဲ့ကားထဲဝင်ထိုင်လိုက်သည်။ ကားထဲမဝင်မီ​ဂျောင်ကုကို​ငေးသွားကြသည့်မိန်းမတစ်သိုက်ကိုမှတ်မှတ်ရရမျက်​စောင်းထိုးပစ်​အောင်ထိုးခဲ့​သေးသည်။ သူ့မှာဒီ​လောက်​တော့မဏ္ဍပ်တိုင်တက်ပြခွင့်ရှိတယ်မဟုတ်လား။

Can We Become Strangers? (✔️)Where stories live. Discover now