Chapter- XVII

1.9K 274 160
                                    

"အ​မေ! ဆာရန်း​ရော"

အ​ရေး​ပေါ်ခန်း​၏ရှေ့တွင်မျက်စိပျက်မျက်နှာပျက်ဖြင့်လက်နှစ်ဖက်ကိုပွတ်​ချေရင်းခေါက်တုံ့​ခေါက်ပြန်လမ်း​​တွေလျှောက်​နေတဲ့အ​မေကသူ​ရောက်လာတာမြင်​တော့အားကိုးတကြီးပြေးလာပြီးသူ့လက်​ကိုတုန်တုန်ယင်ယင်ဖြင့်ဆုပ်ကိုင်လာသည်။ အ​လောတကြီး​ပြေးလာရလို့ကတစ်​ကြောင်း၊ စိုးရိမ်စိတ်လွန်ကဲ​နေတာကတစ်​ကြောင်းတို့​ကြောင့်စိတ်​ရော၊လူပါ​မောဟိုက်​နေတဲ့သူကအ​မေ့ရဲ့လက်ကိုပြန်ဆုပ်ကိုင်ရင်းပြိုလဲမသွား​အောင်ထိန်း၍ အ​မေပြန်​ဖြေမယ့်အ​ဖြေစကားကို​စောင့်​မျှော်​နေသည်။

"​ဆော့ဂျင်.. ဆာရန်းက​လေ..."

"ကင်ဆာရန်းရဲ့အုပ်ထိန်းသူရှိလား"

အ​​မေ့ရဲ့စကားမဆုံးခင်မှာဘဲအ​ရေး​ပေါ်ခန်းထဲကထွက်လာတဲ့သူနာပြုဆရာမရဲ့အသံ​ကြောင့်စကားစပြတ်သွားသည်။

"ဒီမှာပါ.. ကျွန်​တော်က ကင်ဆာရန်းရဲ့အ​ဖေပါ"

"က​လေးက​မွေးရာပါ ​anemia ​ရောဂါသည်နော်"

"ဟုတ်ပါတယ်"

ဟုတ်ပါရဲ့.. ဆာရန်း​လေးသွေးသွင်း​ဖို့ဆေးရုံမှာရက်ချိန်းယူထားတဲ့ရက်နီး​နေပြီပဲ။ ဒီရက်ပိုင်းတခြားကိစ္စ​​ကြောင့်သူ့အာရုံ​တွေ​ထွေပြား​​နေတာနဲ့ပဲဆာရန်း​ရဲ့ကျန်းမာ​ရေးကို​သေချာဂရုစိုက်​ပေးဖို့မေ့​နေသည်။​​ ပေါ့ဆမိတဲ့သူ့အပြစ်သူပြန်​တွေးပြီး​ဒေါသဖြစ်ရလွန်းလို့တိုင်နဲ့​ခေါင်းနဲ့​​ပြေးဆောင့်ချင်စိတ်​တောင်ဖြစ်မိသည်။ သူဟာ​တော်​တော်တာဝန်မဲ့တဲ့အ​ဖေတစ်​ယောက်ပါလား..

"က​လေးကရုတ်တရက် RBCs ထိုးကျသွားလို့ အ​ရေး​ပေါ်​သွေးသွင်းဖို့လို​နေတယ်။က​လေးရဲ့​သွေးအမျိုးအစားက AB Rh (-) ဆို​တော့အရမ်းရှားတဲ့​သွေးအမျိုးအစားဖြစ်​နေတယ်။ လော​လောဆယ်သူနဲ့ကိုက်ညီမယ့်​သွေးအမျိုးအစားဒီ​ဆေးရုံမှာမရှိဘူး။ ဒီက.. က​လေးရဲ့အ​​ဖေနဲ့​သွေးအမျိုးအစားတူလား"

"ဟို..."

​ဆော့ဂျင်ဘာပြန်​ပြောရမှန်းမသိ​တော့ဘဲစကားလုံး​တွေ​ပျောက်ရှကုန်၏။ အ​မေက​တော့မျက်နှာပျက်သွားတဲ့သူ့ကိုအကဲခတ်သလိုလိုက်ကြည့်​နေသည်။

Can We Become Strangers? (✔️)Where stories live. Discover now