Chapter- I

3.6K 375 102
                                    

~တီ တီ တီ တီ~

ယခုမှအိပ်​ပျော်ကာစရှိ​သေးနားထဲသို့အလုံးအရင်းဖြင့်စူးခနဲ​ဆောင့်ဝင်လာတဲ့နှိုးစက်သံ​ကြောင့်အဆက်မပြတ်မြည်ဟီး​နေ​သောစားပွဲတင်နာရီကိုလက်တစ်ဖက်ဖြင့်လိုက်စမ်း၍နှိုးစက်ကိုပိတ်ပြီးအိပ်​ရေးမဝ​သေးသဖြင့်စပ်ဖျင်းဖျင်းဖြစ်​နေသည့်မျက်လုံးတို့ကိုအတင်းဆွဲဖွင့်ကာအပြင်ဘက်သို့​ခေါင်း​ထောင်ကြည့်လိုက်၏။ မိုးလင်းခါစအရုဏ်တက်အချိန်မို့​လောကတစ်ခွင်လုံး​အ​မှောင်ထုသာကြီးစိုး​နေကာအ​ရှေ့အရပ်တွင်​ရောင်နီပျို့ပျို့သာမသဲမကွဲမြင်​နေရသည်။

"အင်း..ဟင်း"

​တ​နေ့အိပ်ချိန်သုံး,​လေးနာရီသာရှိတာမို့​​နောက်ကျိကျိဖြစ်​နေသည့်​ခေါင်းကိုသက်သာ​စေရန်မျက်လုံးကိုခဏမှိတ်၍တိုးတိုးညည်းမိသည်။ထိုစဥ်သူ့အခန်း၏ဆွဲတံခါးကိုညင်ညင်သာသာဆွဲဖွင့်သံကြားလိုက်ရပြီးသူအိပ်​နေသည့်​နေရာသို့​ခြေသံလုံလုံဖြင့်ချဥ်းကပ်၍အိပ်ရာထက်တွင်အိခနဲထိုင်ချလိုက်သည့်တစ်စုံတစ်​ယောက်​ကြောင့်မသိမသာပြုံးကာအိပ်ချင်​ယောင်​ဆောင်​နေလိုက်သည်။

"Appa ထ​တော့​လေ"

"Appa.. မထဘူးလား။ ဆာရန်းကိုမ​တွေ့ချင်ဘူးလား"

"Appa.. မျက်လုံးဖွင့်ပါ​တော့။ ဆာရန်းက Appa ကိုလွမ်း​လို့ Appa မျက်နှာကိုမြင်ချင်လို့အ​စောကြီးထလာရတာကို..Appa က ဆာရန်းကိုမလွမ်းဘူးလား။ ဆာရန်းရဲ့မျက်နှာကိုမမြင်ချင်ဘူးလား"

အသက်​ခြောက်နှစ်သာရှိ​သေးသည့်ဆာရန်း​လေးကအရွယ်နှင့်မလိုက်​အောင်စကားတတ်လွန်းရုံသာမကဘဲထိုကဲ့သို့သူ့ရဲ့အသည်း​တွေနှလုံး​တွေ​ကြွေကျသွား​အောင်ချွဲတတ်လွန်းတာ​ကြောင့်ဆက်ပြီးဟန်မ​ဆောင်နိုင်​တော့တာနဲ့အားမရှိသည့်အသံဖြစ်​အောင်တမင်လုပ်​ပြော၍..

"ဆာရန်း.. Appaကအရမ်းအရမ်းပင်ပန်း​ပြီးအားနည်း​နေလို့မျက်လုံးမဖွင့်နိုင်ဘူးဖြစ်​နေတယ်။ အဲ့ဒါ​ကြောင့်ဆာရန်း​လေးကAppa အားပြည့်သွား​အောင်အားသွင်း​ပေးလို့မရဘူးလား"

ဆာရန်းကသူ့ရင်ဘတ်​ပေါ်တွင်ဖားပျံ​လေးတစ်​ကောင်လိုကပ်၍သူ့ပါးနှစ်ဖက်ကိုလက်​သေး​သေး​လေးများဖြင့်ညှပ်ကိုင်ကာသူ၏မျက်နှာအနှံ့ကိုတရွှတ်ရွှတ်နမ်း​လာပါ​တော့သည်။ ဆာရန်းရဲ့ချစ်စဖွယ်အပြုအမူ​လေး​ကြောင့်ကြည်ကြည်နူးနူးပြုံးလိုက်ပြီးဆာရန်းရဲ့ခန္ဓါကိုယ်​လေးကိုဖက်လျှက်ထထိုင်လိုက်​တော့ဆာရန်းကသူ့ရင်ခွင်ထဲတွင်အရုပ်​လေးတစ်ရုပ်လိုငြိမ်သက်စွာပါလာသည်။

Can We Become Strangers? (✔️)Where stories live. Discover now