အခန်း (40)

4.6K 745 49
                                    

မေးစေ့ကို ဖျစ်ညှစ်ပြီး ချုပ်ကိုင်ခံထားရတာကြောင့် ရှဲ့ဟယ်ရဲ့ ​ဖြူဖျော့နေတဲ့ မျက်နှာလေးက တန့်ကျင်းဝမ်းရဲ့ လက်ထဲမှာ တုန်ရီနေတယ်.....

"Daddy နောက်နေတာမလား??"

တန့်ကျင်းဝမ်း မျက်ခုံးပင့်လိုက်မိတယ်....ဒီကောင်လေး အခုထိ အခြေနေအရပ်ရပ်ကို သလေးဘာမပေါက်သေးဘူးပဲ....ကောင်းပြီလေ...

"နောက်နေတာမဟုတ်မှန်း ငါပြောထားပြီးသားပဲ...."

ထိန်းချုပ်ထားလို့မရတော့ကြောင့် တန့်ကျင်းဝမ်းတစ်ယောက် ခေါင်းငုံ့ပြီး ကောင်လေးရဲ့ နှုတ်ခမ်းတွေကို နမ်းပစ်လိုက်တယ်....ချိုမြလွန်းလှတဲ့ အထိအတွေ့က သူစိတ်ကူးထားတာထက် အဆပေါင်းများစွယသာလွန်နေသေးတယ်....

ဤသည်မှာ မကြုံစဖူး ထူးကဲလွန်းလှသော နူးညံ့ချိုမြမှုတစ်ခုသာပင်.....

သာမာန်ကာလျှံကာ အနမ်းတစ်ခုအဖြစ်ကနေ နက်ရှိုင်းတဲ့ အနမ်းတစ်ခုအဖြစ် ကူးပြောင်းသွားခဲ့ပါပြီ......

ထိတ်လန့်လွန်းတာကြောင့် မှင်သက်ကြောင်အနေမိတဲ့ ရှဲ့ဟယ်ခင်ဗျာ ရုန်းကန်ဖို့ကို မေ့လျော့နေပြီး တန့်ကျင်းဝမ်းကို စိတ်ကြိုက် ပြုမူခွင့်ပြုထားလိုက်တယ်....

အနမ်းတစ်ခုပြီးဆုံးသွားတော့မှသာ တန့်ကျင်းဝမ်းဆီကနေ အနမ်းခံလိုက်ရမှန်း သတိပြုမိလေတယ်....

ရှဲ့ဟယ်က တန့်ကျင်းဝမ်းကို တွန်းထုတ်လိုက်ပြီး ဆိုဖာတစ်ဖက်စွန်းမှာ ကုပ်ကုပ်လေးထိုင်နေတယ်...တန့်ကျင်းဝမ်းကို ပြန်ကြည့်လိုက်တဲ့အကြည့်တွေထဲမှာလဲ သူစိမ်းလေသော အ​ကြောက်တရားတွေ ကိန်းဝပ်နေတယ်...

ပွေ့ဖက်ထားတဲ့ လက်မောင်းတွေတင် ဗလာကျင်းသွားခြင်းမဟုတ်ပေ...နှလုံးသားထဲမှာလဲ ရှင်းပြခြင်းငှာမစွမ်းသာလေသော နေလွတ်​တစ်ခု ဖြစ်တည်လာသလို ခံစားလိုက်ရတယ်.....

သို့ပေမယ့်လဲ တန့်ကျင်းဝမ်းကတော့ ထိုသို့သော ခံစားချက်တွေကို ထုဖော်ပြသလိမ့်မည်မဟုတ်.....မျက်နှာအမူအရာ အသံနေအသံထားတို့ကို အရင်တိုင်းတည်ငြိမ်အောင် ထိန်းသိမ်းထားပြီး....

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now