အခန်း (45)

4.6K 754 22
                                    

တစ်ဖက်လူရဲ့ ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသားတွေပြည့်နှက်နေတယ်....သူရဲ့ချုပ်တည်းမှုမှန်သမျှကို ဟာသတစ်ခုအဖြစ်ပြောင်းပစ်လိုက်နိုင်တဲ့ လှပတင့်တယ်တဲ့ ဒီမျက်နှာလေးက တကယ့်ကိုရှားပါးတင့်တယ်တဲ့ ရတနာတပါးပါပဲ...

တန့်ကျင်းဝမ်းရဲ့ လည်ဇလုတ်က အထက်အောက်ရွေ့လျားနေသလို မျက်ဝန်းတွေကလဲ မည်းမှောင်လာတယ်....ဒီကောင်လေးက သူ့အပိုင်ဖြစ်တဲ့အတွက် သဘောကျမိတာ သိပ်တော့မထူးဆန်းလှဘူး...ဒီကောင်လေးက သူတစ်ယောက်တည်းနဲ့သာ သက်ဆိုင်တယ်လေ. ....

အတော်ကြာတဲ့အထိ အသံတိတ်နေခဲ့ပြီးမှ တန့်ကျင်းဝမ်းတစ်ယောက် ကောက်ကာငင်ကာနဲ့ ....

"မင်း ငါ့အနားမှာနေမယ်ဆို မင်းရဲ့ identity ကိုပြောင်းပစ်လိုက်ဖို့ မျှော်လင့်တယ်..."

ကောင်လေးက တစ်ခုခုကို သတိရသွားပုံရပြီး သတိအနေအထားပြောင်းသွားတယ်....သူက Daddy ရဲ့ သားအဖြစ်နဲ့ပဲနေချင်တာလေ....အသနားခံဖို့ နှုတ်ဖွင့်လိုက်ပြီး....

"လိမ်မာပါ့မယ် သခင်....ကျေးဇူးပြုပြီး မစွန့်ပစ်လိုက်ပါနဲ့... "

တန့်ကျင်းဝမ်းရဲ့ လည်ပင်းကို သိုင်းဖက်လိုက်ပြီး ပထမဆုံးအကြိမ်အဖြစ် လိုလိုလားလား နမ်းရှိုက်လိုက်လေတယ်....

တန့်ကျင်းဝမ်းက အလွယ်တကူ စိတ်ယိုင်တတ်သူမဟုတ်ပေ...သို့ပေမယ့် ကောင်လေးရဲ့ စိုစွတ်နေတဲ့ မျက်ဝန်းနက်နက်လေးတွေကိုမြင်တဲ့အခါ ရှင်းပြခြင်းငှာ မစွမ်းသာလေသောအကြောင်းပြချက်တစ်ချို့ကြောင့် စိတ်တွေ ပျော့ပြောင်းလာခဲ့ပြန်တယ်....ဒါဟာ တစ်ဖက်သားကို ရက်စက်ကြမ်းတမ်းခြင်းမပြုဘဲ ပထမဆုံး အကြိမ်​ဖြစ်အလိုလိုက်အကြိုက်ဆောင်မိခြင်းပါပဲ.....

ဒါတွေကို ချိန်ညှိဖို့ အချိန်ပေးလိုက်တာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါရဲ့.....

[တင်းတောင် တန့်ကျင်းဝမ်းရဲ့ နှစ်သက်မှု 2 မှတ်ထပ်တိုးပါတယ်...စုစုပေါင်း 82 မှတ်ပါ..]

…………………………………

ဒီကိစ္စပြီးကတည်းက​ ရှဲ့ဟယ် သုံးရက်လောက် အိမ်အပြင်မထွက်ဖြစ်ခဲ့ပေ....နောက်ဆုံးမှာတော့ တန့်ကျင်းဝမ်း ဘက်က ရှဲ့ဟယ်ရဲ့ Identity ကို တရားဝင်ကြေငြာမယ့်အကြောင်း ထပ်မပြောတော့ဘူး....ဘယ်လိုပဲ ဖြစ်ဖြစ် ဒါဟာ ယာယီလောက်ပဲဆိုတာ ရှဲ့ဟယ်သိနေတယ်...တန့်ကျင်းဝမ်းဆိုတာ ဆုံးဖြတ်ချက်ချပြီးရင် လွယ်လွယ်ကူကူ ပြန်ပြင်တတ်သူမှမဟုတ်တာ....တန့်ကျင်းဝမ်းရဲ့ စိတ်ကို အလုံးစုံပြောင်းလဲချင်တယ်ဆို ဒီလောက်နှစ်သက်မှု ရမှတ်လေးနဲ့ အလုပ်မဖြစ်နိုင်ဘူး....

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now