About ending

1.8K 62 6
                                        

Hello

ကိုယ် ဒီဇာတ်လမ်းလေးကို အဆုံးသတ်နိုင်ခဲ့တာ ဘာ
လိုလိုနဲ့ နှစ်နှစ်ကျော်လာခဲ့ပါပြီ။

Ree ဆိုတဲ့ စာရေးရတာကို နှစ်ခြိုက်တဲ့ ကောင်မလေး တစ်ယောက်အတွက် ဒီဇာတ်လမ်းလေးကတော့ မမေ့နိုင်တဲ့ အမှတ်တရ တစ်ခုပါပဲ။

တကယ်တော့ ဒီဇာတ်လမ်းလေးက Wattpad မှာ ဒုတိယ တင်ဖြစ်ခဲ့တဲ့ ဇာတ်လမ်းလေး ဖြစ်ပေမဲ့ ကိုယ် ပထမဆုံး ရေးဖြစ်တဲ့ ဇာတ်လမ်းလေးပါ။

ဆယ်ကျော်သက်အရွယ်က ရေးဖြစ်ခဲ့တဲ့ ဇာတ်လမ်းလေးဖြစ်တာကြောင့် plot hole တွေလဲ များ၊ ကလေးဆန်တာတွေလဲ များ ၊ ပြန်ဖတ်ကြည့်တိုင်း အားမလို အားမရ ဖြစ်ရပါတယ်။

သတိထားမိမလားတော့ မသိပေမဲ့ ကိုယ် ဇာတ်သိမ်းပိုင်းလေးနားကို တမင်ချန်ပြီး ရေးခဲ့တဲ့ နေရာလေး ရှိပါတယ်။

အစကတော့ ကိုယ် ချန်ခဲ့တဲ့ နေရာလေးကို Extra လေး သဘော ပြန်ရေးဖို့ ရည်ရွယ်‌ခဲ့ပေမဲ့ ဘယ်တော့မှ ပြန်ရေးဖြစ်မယ်မှန်း မသိလို့ အခုလို ကိုယ့်အတွေးလေးကို လာချပြတာပါ။

ရီ ပိုင့်ကို လက်ထပ်လိုက်ရတဲ့ အကြောင်းအရင်းကို ကိုယ် အရိပ်အမြွက်လေးပဲ ရေးပြပြီး ဇာတ်လမ်းလေးကို အဆုံးသတ်ထားတာပါ။

ကိုယ် ‌comment တစ်ခုမှာ ပြောဖူးလားတော့ မသိပေမဲ့ ဒီဇာတ်လမ်းလေးထဲက ပိုင့်ရဲ့ ရယူလိုမှု များတဲ့ အချစ်နဲ့ ဂုံ့ ရဲ့ ပေးဆပ်မှုများတဲ့ အချစ်ကြားထဲက မြေစာပင် ဖြစ်ခဲ့ရတဲ့ ရီ့ရဲ့ နှလုံးသားကို အဓိက ထားပြီး ရေးချင်ခဲ့တာပါ။

"အဲ့ဒီအချိန်အတွင်း မင်းဆုံးဖြတ်ထားပါ။ ငါ့အပေါ် ကောင်းပေးခဲ့တဲ့ အချိန်တွေအတွက် မင်း ဆုံးဖြတ်ချက်ကို ငါ လိုက်နာပေးမယ်။"

ဒါ မင်းအပေါ် ငါ ပထမဆုံးနဲ့ နောက်ဆုံး လိုက်လျော ပေးခြင်းပဲ။"

ဒီစကားလုံးကတော့ ဂုံ့ ရဲ့ အတ္တအတွက်ရော၊ ရီ ပိုင့်ကို လက်ထပ်လိုက်ရတဲ့ အကြောင်းအရင်း အတွက်ရော အရိပ်အမြွက်အနေနဲ့ ကိုယ် ရေးခဲ့တာပါ။

ရီ့ အတွက် ပိုင်ဟာ ချစ်ခဲ့ဖူးတဲ့ လူတစ်ယောက်ထက် မပိုသလို ဂုံက ချစ်လာနိုင်မယ့် လူတစ်ယောက်ထက် မပိုပါဘူး။

အချစ်ရူးသူ၏ အချစ်ဦးပုံပြင်( Completed)Where stories live. Discover now