Extra

5.5K 214 32
                                        

အမြင့်သို့ ရောက်လေ အေးလာလေ ဖြစ်သော.လေထုကြောင့် ခရီးဆောင်အိတ်ကို ဖွင့်လိုက်ကာ အပေါ်ဘက်တွင် အဆင်သင့်တင်ထားသော အနွေးထည်ကို ယူဝတ်လိုက်သည်။

ရထားကြီးမှာလည်း တဂျုံးဂျုံး တဂျက်ဂျက် အသံပေးကာ နောက်သို့ ဆုတ်ကာ အရှိန်ယူလိုက်၊ ရှေ့သို့ အနည်းတိုးသွားလိုက်ဖြင့် တောင်ပေါ်သို့ တဖြည်းဖြည်း တက်နေသည်။

ရထားခရီးက အချိန်လင့်သဖြင့် လိုက်ပါသူ ခရီးသည်မှာ နည်းပါးလွန်းလှသည်။ ရထားတစ်တွဲလုံးတွင်မှ သူ အပါအဝင် လူဆယ်ယောက်ပင် မပြည့်ချင်

တဖြည်းဖြည်း အရှိန်လျော့လာသည့် ရထားနှင့်အတူ ဆူညံသံများကိုပါ ကျယ်လောင်စွာ ကြားလာရသည်။

အိပ်မောကျနေသော ခရီးသည်များသည်လည်း နှိုးလာကြကာ အိပ်ချင်မပြေသေးသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ဘယ်ညာကြည့်ကာ အကဲခတ်ကြပြန်သည်။

ခရီးသည်များနှင့်အတူ ဈေးသည်များကလဲ ကမန်းကတန်း  အလုအယက် ပြေးတက်လာကြသလို ဆင်းရမည့်သူများကလဲ အူယားဖားယား ပြေးဆင်းကြသဖြင့် တံခါးပေါက် ကျဉ်းကျဉ်းလေးတွင် ရွှေစွန်ညိုတမ်း ကစားနေသကဲ့သို့ ပြည့်ကျပ်နေသည်။

"ဘူတာဆိုက်တာလား"

တလမ်းလုံးကို အိမ်မက်ကမ္ဘာထဲတွင် စီးမြောကာ လိုက်ပါလာသော သူ့နံဘေးက ခရီးဖော်က ခပ်ဝါးဝါး သမ်းနေရာမှ မေးသည်။

"အင်း"

"တူ...."

သူ့အဖြေစကားနှင့် တချိန်ထဲ ထွက်ပေါ်လာသော ရထား ဥသြ သံ။

တဖြေးဖြေး ပြန်လည်ရွေ့လျားလာသော ရထားလေး။

ရထားလမ်းနံဘေးမှ လက်ပြနှုတ်ဆက်နေသော ကလေးငယ် အချို့ကို လက်ပြန်ပြကာ နှုတ်ဆက်လိုက်မိသည်။

ကံအကြောင်းမကုန်ရင်တော့ နောက်ထပ် ဘဝ မှတ်တိုင် တစ်ခုမှာ နောက်တကြိမ် တွေ့ဆုံပါရစေ.....

.....................

အနည်းငယ် မြင့်သော တောင်ကမူလေးကို ငေးမျှော်ကြည့်လိုက်သည်နှင့် ချယ်ရီပင်ကြီးက အရင်ဆုံးပင် မြင်ကွင်းထဲသို့ တိုးဝင်လာသည်။

အချစ်ရူးသူ၏ အချစ်ဦးပုံပြင်( Completed)Donde viven las historias. Descúbrelo ahora