Part 15: Again

2.3K 170 12
                                        

"ဟူး"

မှန်​ထဲမှ ​ဆေးဆိုးပန်းရိုက်​ ကျွန်​မ မျက်​နှာကို ပြန်​ကာ ကြည့်​ရင်း ​လေပူတချို့ကို မှုတ်​ထုတ်​လိုက်​သည်​။

ဇာအနားကွပ်​ ​ဂါဝန်​တိုမှာ ဝတ်​ကျင့်​မရှိ​သော ကျွန်​မ အတွက်​ ဟိုအနားက ယားသလိုလို၊ ဒီနားက ယားသလိုလိုနှင့်​။

"ဝိုး
ငါ့သူငယ်​ချင်းက လှလိုက်​တာ"

အခန်းထဲသို့ လက်​က​လေး ​နောက်​ပစ်​ကာ တလှမ်းချင်း ​ဝင်​လာ​သော ဆုကို မျက်​​စောင်းရွယ်​ကာ ကြည့်​လိုက်​သည်​။

မင်္ဂလာပွဲ မတိုင်​ခင်​ နှစ်​နာရီ အလို​လောက်​ လာ​ပေးပါ ဆို​သော စကား၏ အဓိပ္ပါယ်​ကို အခုမှ ​ကောင်း​ကောင်းကြီး သ​ဘော​ပေါက်​​တော့သည်​။

ကျွန်​မကို ခရီး​ရောက်​မဆိုက်​ ကြိုဆိုသည့်​ သတင်းက ယခင်​က ​လေသံမျှပင်​ မကြားဖူး​သော သတို့သမီး အရံ လုပ်​​ပေးရန်​။

ကိုယ့်​အ​ကြောင်း ကိုယ်​သာ သိသူမို့ မဖြစ်​နိုင်​​ကြောင်း ကို ငြင်းဆန်​​လေ​တော့ သ​ကောင့်​သားမ​လေးက ကိုယ်​ သတို့သမီးအရံ မလုပ်​လျှင်​ သူပါ မင်္ဂလာ မ​ဆောင်​​တော့ဘူးဟူ၍ ​ဘာမှ မပြင်​ဆင်​ဘဲ ​ဘေးနားတွင်​ ငုတ်​တုတ်​က​လေး လာထိုင်​သည်​။

သူ့စကားကို အ​ကြောင်းအသိလွန်​​နေ​သော ကိုယ်​က မယုံ​သော်​လည်း ယုံရှာ​လေသူ အ​မောင်​ သတို့သား ​လောင်းခမျာ အရူးမီးဝိုင်း ​လေပြီ။

ဆွေရိပ်​မျိုးရိပ်​တို့၏ မျက်​​စောင်းမိုးကြားမှ သတို့သား​လောင်း၏ ရှိခိုးမတတ်​ ​တောင်းပန်​စကား​ကြောင့်​ ကျွန်​မသည်​လည်း မတတ်​သာ​တော့သည့်​အဆုံး ​​ခေါင်းညိတ်​ လက်​ခံဖို့ရန်​ ဆိုင်းပြင်​ရ​လေသည်​။

အကြံကုန်​ ဂဠုန်​ဆားချက်​ကာ အဝတ်​အစားကို ဗန်းပြကာ ငြင်းပြန်​​တော့

အနှီငနဲမက အကုန်​ပြင်​ဆင်​ပြီး​ကြောင်း၊ လူသာ ​ခေါင်းညိတ်​ရန်​ လို​ကြောင်း မှိုင်​​တွေ​နေရာမှ ချက်​ချင်းထကာ ဝမ်းသာအားရ ပြန်​​ပြောသည်​။

ဤသို့ဖြင့်​ ကျွန်​မသည်​လည်း ​ကောက်​ကာ ငင်​ခါဖြင့်​ သတို့သမီးအရံ ဖြစ်​သွား​လေ​တော့ သတည်း။

အချစ်ရူးသူ၏ အချစ်ဦးပုံပြင်( Completed)Where stories live. Discover now