ကြွေခွက်ငယ်ကို အသာပင့်မလိုက်ပြီး ကော်ဖီကို တစ်ငုံချင်းဆီ အရသာခံကာ သောက်နေသော သူ။
ကော်ဖီတစ်ခွက်နှင့် အကြွေးပြန်ဆပ်ခိုင်းသူက အတိုး အဖြစ် ကျွန်မ၏ အချိန်ကို ယူသည်။
ပြောင်စပ်စပ် ရုပ်အသွင် ကွယ်ပျောက်နေသော သူ၏ ရုပ်အသွင်မှာ ကြည့်ပျော်ရှုပျော် ဆိုသော ဝေါဟာရထက် သာလွန်နေသည်။
မျက်ခုံးထူထူနှင့် သေးသွယ် ကျဉ်းမြောင်းလှသော မျက်ဝန်းတို့မှာ ကျွန်မ သိသော တစ်စုံတစ်ယောက်နှင့်ပင် ခပ်ဆင်ဆင်။
"ဒီမှာ"
ခန္တီတရားတို့သည် ကိုယ်နှင့်ဝေးရာကို ထွက်ခွာသွားကြပြီမို့။
"မင်း ဒီတသက် ကော်ဖီသောက်ပြီးဦးမလား"
ဆယ့်ငါးမိနစ် ကျော်သည်အထိ တစ်ဝက်မကျိုးသေးသော ကော်ဖီခွက်ကို မေးငေါ့ပြရင်း ကျွန်မ မေးလိုက်သည်။
"တသက်လောက်တော့ မကြာပါဘူးဗျာ"
ခပ်ရွှင်ရွှင် ပြောလိုက်သော သူ့စကားက တမင်ဂျစ်တိုက်နေသော ကလေးကို ချော့မြှူနေသော ဟန်။
"ဒါနဲ့ ဟိုအကိုနဲ့ ခင်ဗျားနဲ့က..."
"မင်းနဲ့တို့နဲ့က ကော်ဖီအတူတူ ထိုင်သောက်ပြီး ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ပြောရလောက်တဲ့ အထိ မရင်းနှီးသေးဘူး ထင်တယ်"
ရယ်သံလွင်လွင်ဖြင့် ကျွန်မစကားကို ပြန်တုံ့ပြန်သော်လည်း သူ့မျက်နှာက သိသိသာသာ ပျက်ယွင်း သွားသည်။
"အခု ရင်းနှီးအောင် လုပ်လဲရတာပဲ"
သူက ခပ်အေးအေး ပြောရင်း ကော်ဖီတစ်ငုံကို အရသာခံ နေပြန်သည်။
"ကဲ ကျွန်တော်တို့ အချင်းချင်း မိတ်ဆက်ကြမလား"
မျက်ခုံးတစ်ချက်ကို ပင့်ကာ ပြောလိုက်သော သူ့အမူအရာမှာ ကျွန်မအား တစ်စုံတစ်ယောက်အား အမှတ်ရစေသည်။
YOU ARE READING
အချစ်ရူးသူ၏ အချစ်ဦးပုံပြင်( Completed)
Randomနှလုံးသားနှစ်ခု၏ တရားစီရင်ခန်းကို အကြင်သူက နှလုံးသားတစ်ခုကို ထပ်မံရင်း၍ ဆုံးဖြတ်ပါလိမ့်မည် Zawgyi နှလုံးသားနှစ်ခု၏ တရားစီရင်ခန်းကို အကြင်သူက နှလုံးသားတစ်ခုကို ထပ်မံရင်း၍ ဆုံးဖြတ်ပါလိမ့်မည်
