Part 27: The ending

6.3K 254 94
                                        

မှန်​ထဲတွင်​ အရိပ်​ထင်​​နေသည့်​ ​​ မိတ်​ကပ်​ကူထား​သော သူမ မျက်​နှာမှာ ​ဆေး​ရောင်​ လှလှ ခြယ်​သထား​သော ပိတ်​ကားတစ်​ချပ်​ကဲ့သို့ပင်​..

ကျွန်​မ ဝတ်​ဆင်​ထား​သော ​အဖြူ​ရောင်​ ဂါဝန်​အနားစ သည်​လည်း ကြမ်းပြင်​ထက်​၌ ​​ငွေလှိုင်း​လေး သဖွယ်​ လဲ​လှောင်း​နေသည်​။

"လှလိုက်​တာ ရီရယ်​"

ဆု စကား​ကြောင့်​ ကျွန်​မ ခပ်​ယဲ့ယဲ့​လေး ပြုံးလိုက်​သည်​။
ကျွန်​မ ကဲ့သို့ပင်​ မိန်းက​လေးတိုင်း ဒီလို​နေ့မျိုးတွင်​ ဒီစကားကို ကြား​နေကျ မဟုတ်​ပါလား။

ဆုက ပန်းပွင့်​ပုံစံ ​ထုံးဖွဲ့ထား​သော ကျွန်​မ၏ ဆံထုံး​ခွေထက်​မှ တလက်​လက်​ ​တောက်​ပ​နေ​သော ​ငွေမှင်​​ရောင်​ ဆံထိုးငယ်​ကို ​နေရာကျမကျ ကြည့်​​ရင်း အလုပ်​များ​နေပြန်​သည်​။

"မ"

အနည်းငယ်​ လှစ်​ဟာသွား​သော တံခါး​ကြောင့်​ ​အလင်း​ရောင်​ အနည်းငယ်​မှာ အခန်းတွင်းသို့ ကျ​ရောက်​လာသည်​။

ဆုက ကျွန်​မ လက်​ကို တချက်​ဖျစ်​ညစ်​ပြီး အခန်းတွင်း မှ အလိုက်​တသိ ထွက်​သွား​ပေးသည်​။

တူညီ​သော အ​ဖြစ်​အပျက်​တစ်​ခုက သုံးနှစ်​​ကျော်​ ကြာပြီးမှ သူနှင့်​ ပထမဆုံး ပြန်​ဆုံ​တွေ့သည့်​ အချိန်​ကို သတိရ​စေသဖြင့်​ ကျွန်​မ ပြုံးလိုက်​မိသည်​။

"မ ဒီ​နေ့ အရမ်းကို လှ​နေတယ်​"

ဒီလိုအ​ခြေအ​နေမျိုးတွင်​ သတို့သမီး​လောင်း တစ်​​ယောက်​ဖြစ်​သွားမည့်​ အမူအရာကို ကျွန်​မ ​တွေး​တော မိသည်​။

သို့​သော်​လည်း ဘယ်​လိုပြန်​ပြီး တုံ့ပြန်​ရမလဲ ကျွန်​မ တကယ်​မသိ။

ကြမ်းပြင်​ထက်​တွင်​ ဒူး​ထောက်​ချလိုက်​သည့်​ သူ့​ကြောင့်​ ကျွန်​မတို့၏ မျက်​နှာနှစ်​ခုသည်​ ​ရေပြင်​ညီ တတန်းတည်း အ​နေအထားသို့ ဆိုက်​​ရောက်​သွားသည်​။

"မ အတွက်​"

နှင်းဆီဖြူဖြူ တို့ကို ဖဲကြိုးဖြူ တစ်​​ချောင်းနှင့်​သာ ​သေသပ်​စွာ စည်း​နှောင်းထား​သော ပန်းစည်း​လေးကို ကျွန်​မ လက်​ကမ်းကြိုလိုက်​သည်​။

အချစ်ရူးသူ၏ အချစ်ဦးပုံပြင်( Completed)Where stories live. Discover now