မိုးသားမိုးတိမ် ဖုံးအုပ်ထားသော ကောင်းကင်ပြင်ကြောင့် နေ့ခင်းအချိန်ပင် ဖြစ်လင့်ကစား မှိုင်းညှို့ နေသည်။
မိုးဖွဲဖွဲလေးများ တခါရွာသွန်းထားသောကြောင့် မြေပြင်မှ အငွေ့ကလေး မပီမပြင် ထွက်လာခါ မြေသင်းရနံ့ကား ကြိုင်လှပေသည်။
"ဒီအနံ့လေးကို အရမ်းကြိုက်တာပဲ။ ဒီအနံ့လေးကို ရတိုင်း အရာရာအားလုံး အသစ်အနေနဲ့ ပြန်ပြီး ရှင်သန်လာသလို ခံစားရတယ်။"
ဝရန်တာ လက်ရမ်းကို ကိုင်ကာ ရပ်နေသော သူမ က လေပြည်အေး တသုန်သုန်ကို မျက်လုံးမှိတ်ကာ ခံစားရင်း ပြောသည်။
ကျွန်မကတော့ ပိတုန်းကေသာဟု သူ တင်စားကာ အကြိမ်ကြိမ် မြတ်နိုးစွာ နမ်းရှိုက်ဖူးခဲ့သော သူမ၏ ဆံနွယ်များကိုသာ မျက်တောင်မခတ် ငေးနေမိသည်။
"ရီ နင်ရော အဲ့လို မခံစားရဘူးလား"
ရုတ်တရက် ပွင့်လာသော သူမ မျက်ဝန်းများကို ရှောင်ဖယ်ကာ မိုးရေကြောင့် ပြန်လည်နိုးထလာသော မြက်ပင် စိမ်းစိမ်းများဆီ အကြည့်ပို့မိသည်။
"မခံစားခဲ့ဖူးဘူး ထင်တာပဲ"
ကျွန်မ၏ စကားအဆုံးတွင် သူမက ခပ်တိုးတိုး ရယ်သည်။
သွားစွယ်ဖွေးဖွေး ကလေးများ လှစ်ကနဲ ပေါ်လာတတ်သော သူမ အပြုံးသည် သူများကိုပါ လိုက်လံ ပြုံးစေသည်အထိ စွမ်းအားကြီးသည်။
သူမ အပြုံးကို မျက်နှာထားတည်သော သူသည်ပင် တခါရယ်မှ လွန်ဆန်နိုင်စွမ်း မရှိခဲ့။
"အိမ်မှာ ဘယ်သူမှ မရှိဘူးလား"
"အင်း မေမေက တရားစခန်းသွားတယ်၊ ကြီးကြီးက ဆိုင်သွားတယ်"
လွန်ခဲ့သော သုံးနှစ်က ဖေဖေ ရုတ်တရက် ဆုံးပါး သွားခြင်းသည် မေမေ့အတွက်တော့ သံဝေဂ ဝေစရာ အကြောင်းအရင်း တစ်ရပ်ဖြစ်ခဲ့ဟန်တူသည်။
ESTÁS LEYENDO
အချစ်ရူးသူ၏ အချစ်ဦးပုံပြင်( Completed)
De Todoနှလုံးသားနှစ်ခု၏ တရားစီရင်ခန်းကို အကြင်သူက နှလုံးသားတစ်ခုကို ထပ်မံရင်း၍ ဆုံးဖြတ်ပါလိမ့်မည် Zawgyi နှလုံးသားနှစ်ခု၏ တရားစီရင်ခန်းကို အကြင်သူက နှလုံးသားတစ်ခုကို ထပ်မံရင်း၍ ဆုံးဖြတ်ပါလိမ့်မည်
