ကောင်းကင် ပြာပြာအောက်တွင် အထီးကျန် သစ်ပင်လေး တစ်ပင်။
ရော်ရွက်ဝါလေး တစ်ရွက်ပင် မရှိသော သစ်ပင်ငယ်သည် နေအလင်းအောက်တွင် တကယ်ကို ခြောက်ခြောက်သွေ့သွေ့။
"မ က ပင်ကို အလွမ်းဓာတ်ခံ များတယ် ထင်တယ်"
ပိတ်သားထက်တွင် ပြေးလွှားနေသော စုတ်တံလေးမှာ ရပ်တန့်သွားပြီး သူ့ထံသို့ ရိုးရာမပျက် မျက်စောင်းနုနုက ပျံ့လွင့်လာသည်။
"နှစ်လအတွင်း ဒီလောက်တောင် ဆွဲနိုင်ပြီဆိုတော့.."
"ငါတော်တယ် မဟုတ်လား"
မျက်နှာလေး တဝင့်ဝင့်ဖြင့် ပြောနေသော မ ကို ကြည့်နေကာ သူ၏ ကိုယ်တွင်းကလီစာ အကုန်လုံး ယားလာရသည်။
မြတ်နိုးခြင်းအဟုန်က တားမနိုင်ဆီးမရ လျှံကျလာသည်မို့ လက်ဖမိုးကို ဆွဲယူကာ အနမ်းခြွေ မိသည်။
နှုတ်ခမ်းဖျားနှင့် ထိရုံလေးမှာပင် ရုန်းကန်ထွက်သွားသော လက်တစ်စုံ။
"ပြန်တော့မယ်"
သက်ပြင်းဖွဖွချလိုက်မိတော့ သူ့ကို ပြန်ကြည့်လာသော မျက်နှာလေးမှာ ညှိုးညှိုးငယ်ငယ်မို့ အသာပြုံးလိုက်မိသည်။
"သွားမယ်လေ။"
"ကိုယ့်ဘာသာကိုယ် ပြန်မယ်၊ မင်းလဲ အလုပ်ရှိသေးတယ် မဟုတ်လား။"
မျက်နှာတစ်ဖက်လွဲကာ ခပ်တိုးတိုးဆိုသော မ။
"ကျွန်တော်က ကြီးကြီးလက်ရာကို ဂုန်းဆင်းမယ်လို့ စဉ်းစားထားတာကို၊ ဘယ်တတ်နိုင်ပါ့မလဲ မခေါ်ချင်တဲ့သူက ရှိနေတာကို"
သူ့စကားကြောင့် မ က ပါးချိုင့်လေး တစ်ဖက်ပေါ်သည်အထိ ပြုံးသည်။
"ဒီအပတ် တနင်္ဂနွေနေ့ ကျွန်တော့်အဖေနဲ့ တွေ့ဖို့ အဆင်ပြေလား မ "
မ က ဘာစကားမှ မဆိုဘဲ ခေါင်းကိုသာ ညိတ်ပြသည်။
"တကယ်သေချာရဲ့လား မ၊ မ အဆင်မပြေသေးရင် အတင်းအကြပ်ကြီး မလုပ်စေချင်ဘူး"
ВЫ ЧИТАЕТЕ
အချစ်ရူးသူ၏ အချစ်ဦးပုံပြင်( Completed)
Разноеနှလုံးသားနှစ်ခု၏ တရားစီရင်ခန်းကို အကြင်သူက နှလုံးသားတစ်ခုကို ထပ်မံရင်း၍ ဆုံးဖြတ်ပါလိမ့်မည် Zawgyi နှလုံးသားနှစ်ခု၏ တရားစီရင်ခန်းကို အကြင်သူက နှလုံးသားတစ်ခုကို ထပ်မံရင်း၍ ဆုံးဖြတ်ပါလိမ့်မည်
