Hello guys
ကိုယ် တောင်းဆိုစရာလေး တစ်ခု ရှိလို့ပါ။ အခု ရက်ပိုင်း ကိုယ် online writing contest လေးတွေ ၀င်ပြိုင်ဖြစ်ပါတယ်။
"ဆု" ဆိုတာထက် ကိုယ့်ရဲ့ အရေးအသား ၊ ဇာတ်လမ်းဇာတ်အိမ်နဲ့ ပတ်သက်ပြီး ဝေဖန်အကြံပြုတာကို လိုချင်လို့ ၀င်ပြိုင်ဖြစ်တာပါ။
အခု ကိုယ် Vread က ကျင်းပတဲ့ ပြိုင်ပွဲလေးမှာ ၀င်ပြိုင်ထားတဲ့ ကိုယ်ရဲ့ "Neverland" ဆိုတဲ့ စာမူလေးက ဆန်ကာတင်အဆင့် ၀င်သွားပါတယ်။
အဲ့တာကြောင့် အချိန်လေးများရရင် vread.com.mm မှာ ကိုယ့်ရဲ့ စာမူလေးကို ဖတ်ပေးဖို့ တောင်းဆိုပါရစေ။
Vote ဆိုတာထက် စာဖတ်သူတွေရဲ့ အမြင် ချန်ရစ်ပေးခဲ့ဖို့ ကိုယ် တောင်းဆိုချင်ပါတယ်။
နောက်ပြီး တခြားပြိုင်ပွဲ၀င်တွေရဲ့ လက်ရာကောင်း ၀တ္ထုတွေလည်း ရှိတာမို့ ဖတ်ကြည့်ပြီး ကိုယ် ကြိုက်နှစ်သက်ရာ ဇာတ်လမ်းလေးကိုလဲ Vote ပေးခဲ့လို့ရပါတယ်။
ကိုယ့်ရဲ့ "မေတ္တာရပ်ခံချက်" လေးကို အချိန်တစ်ခု ပေးပြီး ဖတ်ရှုပေးခဲ့တဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။
Have a nice day 💜
Thanks for reading and giving your time 😘
(Edited ဒီstoryလေးကို စိတ်ပြေလက်ပျောက် ဖတ်လို့ရအောင် ကိုယ် wattpad မှာလဲ တင်ထားပေးပါတယ်။
အားလုံး ဂရုစိုက်ကြပါ။ ပင်ပန်းနေမယ်ဆိုတာ သိပေမဲ့ ဓမ္မဟာ အဓမ္မကို အောင်မြင်ရစမြဲမို့ အားတင်းထားကြပါ။
ကိုယ်တတ်စွမ်းနိုင်တဲ့ဘက်ကနေ တိုက်ပွဲ၀င်နေတဲ့ နွေဦး သူရဲကောင်း အားလုံးကို အမြဲလေးစား ဂုဏ်ယူနေပါတယ်💜
နောက်ထပ် လှပတဲ့ နွေဦးများစွာကို အတူတူ ဖြတ်သန်းချင်တာမို့ ခြစ်ရာလေးတစ်ခုတောင် အနာတရ မဖြစ်စေချင်ပါဘူး။
စိတ်ပူရုံကလွဲပြီး ဘာမှမလုပ်ပေး နိုင်တဲ့အတွက်ကြောင့် ဂရုစိုက်ဖို့ကိုပဲ အထပ်ထပ်အခါခါ မှာပါရစေ။ )
YOU ARE READING
အချစ်ရူးသူ၏ အချစ်ဦးပုံပြင်( Completed)
Randomနှလုံးသားနှစ်ခု၏ တရားစီရင်ခန်းကို အကြင်သူက နှလုံးသားတစ်ခုကို ထပ်မံရင်း၍ ဆုံးဖြတ်ပါလိမ့်မည် Zawgyi နှလုံးသားနှစ်ခု၏ တရားစီရင်ခန်းကို အကြင်သူက နှလုံးသားတစ်ခုကို ထပ်မံရင်း၍ ဆုံးဖြတ်ပါလိမ့်မည်
