Part 24: We should let go

2.3K 185 12
                                        


ဒေါက်​ကနဲဟူ​သော အသံ​​လေးနှင့်​အတူ ဘီယာဘူး​ခွံ တစ်​ခုသည်​ သူ့အ​ပေါင်းအ​ဖော်​များ ရှိရာ ကြမ်းခင်း ထက်​သို့ ကျဆင်းသွားသည်​။

သူ့​တ​ခေါင်းလုံး ချာချာ​နေသည်​မှာ တညလုံး မ​အိပ်​ခဲ့သည့်​ အတွက်​​ကြောင့်​လား၊ မူးယစ်​ရည်​များကို မရပ်​မနား ​သောက်​ခဲ့သည့်​ အတွက်​​ကြောင့်​လား သူ မ​ဝေခွဲနိုင်​​တော့။

Ringtone သံ အဆက်​မပြတ်​ ထွက်​​ပေါ်​နေ​သော phone ၏ screen ထက်​တွင်​​တော့ နန်း ဟူ​သော အမည်​နာမ​လေးက ​နေရာယူထားသည်​။

သူ စိတ်​မရှည်​စွာ မြည်​တမ်းရင်း ဖုန်းကို နံရံဘက်​သို့ ​ကောက်​​ပေါက်​လိုက်​သည်​။

ည​နေကတည်းက ဘားတွင်​ ဆိုင်​ပိတ်​သည်​အထိ စတည်းချပြီး အိမ်​​ရောက်​သည်​အထိ ​သောက်​ပွဲ ဆက်​သဖြင့်​ သူ့ခန္ဓာကိုယ်​ တစ်​ခုလုံး မီးမြှိုက်​ထားသကဲ့သို့။..

ရီ မ​နေ့က ဖြုတ်​ချခဲ့​သော သူ့လက်​ကို သူ မယုံကြည်​နိုင်​စွာ ပြန်​ကြည့်​မိသည်​။ ထို့​နောက်​ မင်းရဂုံ ဟူ​သော လူသား။

မဖြစ်​နိုင်​၊ အရာအားလုံးက အိမ်​မက်​​တွေသာ ဖြစ်​လိမ့်​မည်​။

ရီသည်​ သူ့ကို ထားပြီး အခြားတစ်​​ယောက်​ကို ​ရွေးချယ်​မည့်​ သူမှ မဟုတ်​ဘဲ။

ဟုတ်​သည်​၊ သူ အခု အိမ်​မက်​မက်​​နေသည်​။ သူ့ကိုယ်​သူ နိုးလာ​အောင်​ လုပ်​ရမည်​။

သူ အားယူကာ ထလိုက်​​တော့ သူ့ကမ္ဘာသည်​ ချာချာလည်​ သွားသည်​။ ယိုင်​နဲ့​နေ​သော ​ခြေ​ထောက်​ကို အတင်းဆွဲယူရင်း သူ ​ရေချိုးခန်း ဆီသို့ တ​ရွေ့​ရွေ့ သွားသည်​။

ဝုန်းခနဲ ဟူ​သော မြည်​သံနှင့်​အတူ သူ့ကိုယ်​သည်​လည်း ကြမ်းပြင်​ထက်​သို့ ​ပုံကျသွားသည်​။

"ဒါက ဘယ်​လို​တွေ ဖြစ်​​နေတာလဲ မင်းပိုင်​ရှင်​"

"​မေ​မေ"

သူ အမူးပင်​ ပြန်​​ပြေသွားပြီး ထိတ်​ထိတ်​ပျာပျာနှင့်​ ဒူး​ထောက်​ထိုင်​လိုက်​မိသည်​။ ​မေ​မေက​တော့ အမှိုက်​ပုံကဲ့သို့ ပွစာကြဲ​နေ​သော သူ့အခန်းကို မျက်​​မှောင်​ကြုတ်​ရင်း ကြည့်​​နေသည်​။

အချစ်ရူးသူ၏ အချစ်ဦးပုံပြင်( Completed)Место, где живут истории. Откройте их для себя