Part 17: My time

2.2K 179 24
                                        

"ဆိုင်​ အတွင်းပိုင်းက သိပ်​မပြင်​ဆင်​ရ​သေးလို့"

အားတုံ့အားနာဖြင့်​ ဆို​သော သူ့စကားက ကျွန်​မ နားသို့ ဝင်​တစ်​ချက်​၊ ထွက်​တစ်​ချက်​။

နံရံပတ်​ပတ်​လည်​ အပြည့်​ ​နေရာယူထား​သော ပန်းချီ ကား​ ​ပေါင်းများစွာကသာ ကျွန်​မ အာရုံကို ညှို့ငင်​ထားသည်​။

နံရံ အများစုကို ပန်းချီကား အပြည့်​ဖြင့်​ တန်​ဆာ ဆင်​ထား​သော်​လည်း တချို့ နံရံများကို​တော့ ပိတ်​ကားသဖွယ်​ အသုံးပြုကာ ​​ဆေး​ရောင်​တင်​ ​ရေးဆွဲထားသည်​။

မီး​ရောင်​ ခပ်​မှိန်​မှိန်​ကိုသာ သုံးထားပြီး classical ​တေးသံ တငြိမ့်​ငြိမ့်​​က ​ကော်​ဖီဆိုင်​ဆိုသည်​ထက်​ ပန်းချီပြခန်း သဏ္ဍန်​သာ ပို​ပေါ်လွင်​​နေသည်​။

" မ"

ပန်းကနုတ်​များ ခြယ်​သထား​သော ခွက်​ငယ်​​လေးကို အနီးကပ်​ ​လေ့လာ​နေစဉ်​ သူ့အသံ ခပ်​တိုးတိုးက ထွက်​​ပေါ်လာသည်​။

"သ​ဘောကျလို့လား"

သူက အ​ငွေ့တ​ထောင်း​ထောင်း ထဆဲ ​ကော်​ဖီခွက်​​လေးကို ကမ်း​ပေးရင်း ​မေးသည်​။

"အင်း"

သူ့လက်​ထဲမှာ ​ကော်​ဖီခွက်​ကို လက်​​ပြောင်းယူကာ တငုံအရသာခံလိုက်​​တော့ စွဲလမ်းရ​သော ခါးသက်​သက်​ အရသာက လျှာဖျားတွင်​ ​ပျော်​ဝင်​သည်​။

"မင်း ​ကော်​ဖီ​ဖျော်​တာ ​တော်​သားပဲ၊
နောက်​ပြီး ဆိုင်​အပြင်​အဆင်​​ရော.."

ကျွန်​မ စကားအဆုံးတွင်​ သူက ဆရာမဆီမှ ချီးကျူးခံလိုက်​ရ​သော က​လေးသဖွယ်​ နှစ်​နှစ်​ခြိုက်​ခြိုက်​ ပြုံးသည်​။

" Dandelion ပန်း​တွေ အများကြီး ကုန်​သွားတယ်​"

"ဟင်​"

သူက ​ခေါင်းငုံ့ပြီး ခပ်​တိုးတိုး ​ပြော​နေရာမှ ကျွန်​မသို့ တည့်​တည့်​စိုက်​ကြည့်​သည်​။

"ဒီဆိုင်​​လေးကို ပထမဆုံး ​ရောက်တဲ့ သူက မ ဖြစ်​ပါ​စေ​ဆိုတဲ့ ဆု​တောင်းပြည့်​ဖို့ Dandelion ပန်း​တွေ အများကြီး ကုန်​ခဲ့တယ်​"

အချစ်ရူးသူ၏ အချစ်ဦးပုံပြင်( Completed)Where stories live. Discover now