ပိတ်ကားဖြူလွလွကို ငေးမောနေမိသည်မှာ မည်မျှပင် ကြာသွားသည် မသိ။
လက်ထဲက စုတ်တံလေးမှ ဆေးစက်တို့က ကိုယ်ပေါ် ကျဆင်းလာကာမှ သတိပြန်ဝင်သည့်အဖြစ်။
ယခင်က စိတ်ညစ်ညူးစရာ တစ်ခုခု ရှိလေတိုင်း ကိုယ့် ခံစားချက် အလုံးစုံကို ပိတ်ကားတွေ ခြယ်သ ကာ ဖြေဖျောက် ပစ်လိုက်သော်လည်း ယခုအခါတွင်တော့ စုတ်တချက် ရေးနိုင်ရန်ပင် သူ့တွင် ခွန်အား မရှိ။
မ ကို နင့်နင့်နဲနဲ ငေးမောနေသည့် ကိုကို့ မျက်ဝန်း အရောင်တွေ ကို သူ မမြင်ခဲ့လျှင် ဘယ်လောက်တောင် ကောင်းလိမ့်မလဲ။
တဖက်သတ်လို့ ယုံကြည်ထားတဲ့ မ ကိုယ်တိုင်ပဲ မှားယွင်းနေတာလား၊ ဒါမှမဟုတ် ကိုကိုကပဲ ဟန်ဆောင်ကောင်းလွန်းတာလား။
ကာကွယ်ပေးခဲ့သည်ဟု မှတ်ယူထားသော သူ ကိုယ်တိုင်ကရော လုယူမိခဲ့သည်လား။ ကိုကိုနဲ့ ပြန်လည်တွေ့ဆုံခန်းသည် မလွယ်ကူမှန်း သိသော်လည်း ဤမျှ ခက်ခဲလိမ့်မည်ဟု မထင်ထားခဲ့ပါ။
အချစ်ဆုံး သွေးသားရင်းနှင့် အမြတ်နိုးရဆုံး သူစိမ်း။ ကံကြမ္မာသည် မျက်နှာပြောင်လှပါသည်။
မရည်ရွယ်ဘဲ ဟူသော ခေါင်းစဉ်ဖြင့် ကိုကို့ကို ထပ်ပြီး နာကျင်စေပြန်မိပြီလား....
"ကလင်"
ခေါင်းလောင်းသံ သဲ့သဲ့ကြောင့် သူ့ အတွေးတို့ ပြတ်တောက်သွားသည်။
"ဆိုင်မဖွင့်ပါ.."
သူ့စကားတို့ကို ရှေ့ဆက်မနိုင်တော့။ သူ့ရှေ့တွင် ရပ်နေသော သူကတော့ မရယ်မပြုံးနှင့်ပင် သူ့ကို ခပ်တွေတွေကြီး စိုက်ကြည့်နေသည်။
"ကိုကို"
မယုံကြည်နိုင်ခြင်းများစွာဖြင့် သူ အံ့သြတကြီး ရေရွတ်မိပါသည်။
........................................
ကော်ဖီခွက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသော သူ့လက်များမှ ချွေးစေးများပင် ထွက်နေပြီ။
သူ့နည်းတူပင် ကိုကိုသည်လည်း ကော်ဖီခွက်ကို ကိုင်ကာ အဝေးကိုသာ ငေးနေသည်။
YOU ARE READING
အချစ်ရူးသူ၏ အချစ်ဦးပုံပြင်( Completed)
Randomနှလုံးသားနှစ်ခု၏ တရားစီရင်ခန်းကို အကြင်သူက နှလုံးသားတစ်ခုကို ထပ်မံရင်း၍ ဆုံးဖြတ်ပါလိမ့်မည် Zawgyi နှလုံးသားနှစ်ခု၏ တရားစီရင်ခန်းကို အကြင်သူက နှလုံးသားတစ်ခုကို ထပ်မံရင်း၍ ဆုံးဖြတ်ပါလိမ့်မည်
