Part 11: အချစ်ရူးသူ၏ အချစ်ဦးပုံပြင်

2.8K 198 9
                                        

"ဒါလား စကိတ်​ကွင်း"

အ​နွေးထည်​ အထပ်​ထပ်​​အောက်​တွင်​ နစ်​မြုပ်​​နေ​သော ပိုးတုံးလုံး ​လေးက ​နှာ​ခေါင်းရှုံကာ မ​ကျေမနပ်​ ဆို​လေသည်​။

ညစာ စားပွဲ ကိစ္စကို အစာမ​ကြေနိုင်​​သေး​သော ထိုပိုတုံးလုံး​လေး အ​ကောက်​​တော်​​ပြေရန်​ သူ့မှာ ​ဆောင်းတွင်းအလယ်​ နဖူးမှ ​ချွေး ​ခြေဖျားသို့ ကျသည့်​တိုင်​​အောင်​ ကြိုးစားခဲ့ရသည်​။

ဆောင်းရာသီ မကုန်​ခင်​ ​ရေခဲပြင်​ စကိတ်​ စီးချင်​သည်​ ဟူ​သော သူမ၏ ကြုံ​တောင့်​ကြုံခဲ အာသီသ ကို ​ဖြေ​ဖျောက်​​စေရန်​ သူ​ခေါ်ခဲ့သည့်​​နေရာက သူတို့ တိုက်​ခန်း မနီးမ​ဝေးတွင်​ ရှိ​သော ​ရေများခဲ​နေသည့်​ ​ရေကန်​ငယ်​ ဆီသို့။

"ဟိုမှာ စကိတ်​စီး​နေကြတာပဲဟာ"

မလှမ်းမကမ်းရှိ စကိတ်​စီးသူများကို ​မေး​ငေါ့ကာ ညွှန်​ပြလိုက်​​တော့ ဘာမှပြန်​မ​ပြော​သော်​လည်း ဆူပုတ်​ပုတ်​ မျက်​နှာက တဖက်​သို့ လွှဲသွားသည်​။

"လာ​လေ မ"

သူ ကန်​ငယ်​ကို တပတ်​ပတ်​ကာ စီးပြီသည်​အထိ ပါဝင်​ ပူး​ပေါင်းခြင်း မရှိ​သော မ ကို လှမ်းကာ ​ခေါ်လိုက်​သည်​။

စကိတ်​ ဖိနပ်​စီးကာ ​ခြေတုံချတုံ ဖြစ်​​နေ​သော မ က အခုမှ လမ်း​လျှောက်​ဖို့ ဟန်​​ရေးပြင်​​နေ​သော အ​ကောင်​​ပေါက်​ ​လေးများကဲ့သို့....

"ဘုန်း"

"မ"

စိုးရိမ်​မှုတို့သည်​ ငယ်​ထိပ်​အထိသို့ ​ဆောင့်​တက်​သွားပြီး မျက်​လုံးများပင်​ ပြာ​ဝေသွားသည်​။

သူ့ကိုယ်​သူ ပြန်​သတိထားမိချိန်​တွင်​ ​လဲကျ​နေ​သော မ အနားသို့ ​ရောက်​သွားပြီး ဖြစ်​သည်​။

အရှိန်​က သိပ်​မပြင်း​သော်​လည်း လူ့အသား​ပေမို့ နာကျင်​မှုက​တော့ ရှိစမြဲ မဟုတ်​ပါလား။

"ရတယ်​"

ဆွဲထူ​သော သူ့လက်​ကို ဖယ်​ချရင်း ကိုယ့်​ဘာသာ ကိုယ်​ မရမက ကုန်းရုန်းထ​နေ​သော မ ကို ကြည့်​ကာ သူ သက်​ပြင်းဖွဖွ ချမိသည်​။

အချစ်ရူးသူ၏ အချစ်ဦးပုံပြင်( Completed)Where stories live. Discover now