Part 20: The last straw

2.1K 184 6
                                        

"ပိုင်​က ဒီတခါ အတည်​​လား ရီ"

သူမစကား​ကြောင့်​ ပန်းရိုးများကို ကတ်​​ကြေးဖြင့်​ ဖြတ်​​နေ​သော ရီ၏ လက်​များ ရပ်​တန့်​သွားသည်​။

"သူပဲ သိမှာ​ပေါ့"

ဂရုမစိုက်​သလို ဟန်​ဖြင့်​ ပခုံးတချက်​ တွန့်​ကာ ​ပြောရင်း အနီရဲရဲ နှင်းဆီပန်း​လေးကို ပန်းအိုးတွင်​ ထိုးလိုက်​သည်​။

"တည်​ငြိမ်​လှချည်​လား ရီ"

သူမက မျက်​ခုံးတချက်​ ပင့်​ကာ ​မေးလိုက်​သည်​။

"ငါက ရင်​ဘတ်​စည်​တီးပြီး ငိုပြ​နေရမှာလား ဆု"

သူမ၏ တသိမ့်​သိမ့်​ ရယ်​သံက ထွက်​​ပေါ်လာသည်​။

"​နောက်​ဆုံး​တော့ နင်​ ဝဋ်​ကျွတ်​သွားပြီ​ပေါ့ ရီ"

"သူ့ကို ဝဋ်​​ကြွေးတစ်​ခုလို့ ငါ ဘယ်​​တော့မှ မသတ်​မှတ်​ဖူးဘူး

နောက်​ပြီး ငါ သူ့ဆီကလည်း ဘာမှ​မ​မျှော်​မှန်းခဲ့ဘူး"

သူမ ရီ့အနားသို့ သွားလိုက်​ပြီး နှင်းဆီပန်း တစ်​ပွင့်​ကို ယူလိုက်​သည်​။

"မ​မျှော်​မှန်းခဲ့တာလား၊ မ​မျှော်​မှန်းရဲတာလား ရီ"

ရီက သူမကို မျက်​လုံးဝင့်​ကာ တချက်​ကြည့်​သည်​။

"ဘာ​ပြောချင်​တာလဲ ဆု"

"ငါတို့အရွယ်​​တွေက အ​ပျော်​တမ်း ရည်​စားထားတဲ့ အရွယ်​လဲ မဟုတ်​​တော့ဘူး ရီ။ ပိုင်​ကသာ နင့်​ရဲ့ လက်​တွဲ​ဖော်​ ဖြစ်​ဖို့ ခွင့်​​တောင်းခဲ့ရင်​ နင်​ ဘယ်​လိုလုပ်​ မလဲ"

"သူ ဘယ်​​တော့မှ အဲ့လို လုပ်​မှာ မဟုတ်​ဘူး"

"ငါက သူ လုပ်​မယ်​ မလုပ်​ဘူးဆိုတာကို သိချင်​တာ မဟုတ်​ဘူး။ သူ့ကို ပြန်​တုံ့ပြန်​မယ့်​ နင်​ရဲ့ အ​ဖြေကိုပဲ ကြားချင်​တာ"

တိတ်​ဆိတ်​​နေ​သော ရီ့ကို ကြည့်​ရင်း သူမ ပြုံးလိုက်​မိသည်​။

"နင်​ သူ့ကို လက်​မခံနိုင်ပါဘူး ရီ
ဘာလို့လဲဆို​တော့ သူ့ကို လက်​တွဲ​ဖော်​အဖြစ်​ ​ရွေးချယ်​ဖို့ နင်​မှာ သူ့​အ​ပေါ် ယုံကြည်​မှု မရှိဘူး"

အချစ်ရူးသူ၏ အချစ်ဦးပုံပြင်( Completed)Место, где живут истории. Откройте их для себя