ခေါက်ဆွဲခြောက် ဘူးလေးထဲသို့ ရေနွေးဆူဆူကို လောင်းထည့်လိုက်ပြီး ဘေးနားတွင် ရှိနေသော စာအုပ်ဖြင့်ပင် ပိတ်ထားလိုက်သည်။
လက်ကျန်ရေနွေး ပြောင်းထည့် ထားသော ခွက်ထဲသို့ ကော်ဖီမှုန့်လေး ထည့်လိုက်တော့ တထောင်းထောင်း ထနေသော အငွေ့ထဲတွင် ကော်ဖီရနံ့လေးက ရောယှက်လို့ လာသည်။
"နောက်နှစ် ဆောင်းဦးမှာ ပြန်တွေ့ကြရအောင်"
လေထဲတွင် ဝေ့ကာဝဲကာဖြင့် တလွင့်လွင့် ကျဆင်းလာသော နီညိုရောင် သစ်ရွက်လေးများကို နှုတ်ဆက် စကားဆိုလိုက်သည်။
"၁...
၂....
.......
၂၀.....
........
၅၀
........
၈၀...
..........
၁၅၀
ရလောက်ပြီ ထင်တယ်"
စာအုပ်ကို ဖယ်ကာ ခေါက်ဆွဲဖတ်များကို တူဖြင့် အသာမွှေလိုက်ချိန်တွင် ကော်ဖီခွက်ထဲမှ အငွေ့တို့သည်လည်း နည်းပါးစပြုနေပြီ။
ခေါက်ဆွဲဖတ်တို့ ပါးစပ်အတွင်းသို့ မရောက်သေးခင်မှာပင် ဒေါင်ဟူသော မြည်သံပေးကာ ဝင်လာသော message လေး တစ်စောင်။
စာလုံးတစ်လုံးမှ မပါဘဲ အစက်လေး တစ်စက်သာ ချထားသော messageက သူမကို အကြောင်းပြချက်မရှိဘဲ ပြုံးစေသည်။
သို့သော်လည်း miss call ဖြင့်သာ အဆုံးသတ်သွားသော video call ကြောင့် ထိုအပြုံးမှာ သက်ဆိုးမရှည်ရှာလိုက်။
Chat with the other person တဲ့လား။
မေ့နေသော အမှန်တရားက ခါးသီးလွန်းလှသည်။
ကျွန်မသည် သူ့အတွက် ဘယ်သောအခါကမှ အရေးမပါခဲ့ဘူး ဟူသော အမှန်တရား တစ်ခု။
အေးစက်စက် ကော်ဖီက ခါးသက်သက် အရသာကို လျှာဖျားမှသည် လည်ချောင်းတစ်လျှောက်တွင် စွဲကျန်စေသည်။
YOU ARE READING
အချစ်ရူးသူ၏ အချစ်ဦးပုံပြင်( Completed)
Randomနှလုံးသားနှစ်ခု၏ တရားစီရင်ခန်းကို အကြင်သူက နှလုံးသားတစ်ခုကို ထပ်မံရင်း၍ ဆုံးဖြတ်ပါလိမ့်မည် Zawgyi နှလုံးသားနှစ်ခု၏ တရားစီရင်ခန်းကို အကြင်သူက နှလုံးသားတစ်ခုကို ထပ်မံရင်း၍ ဆုံးဖြတ်ပါလိမ့်မည်
