လိမ္မော်ဖျော့ ရောင်နီဦးအောက်တွင် စေတီတော်သည် ပို၍ အသရေထူးကဲကာ သပ္ပါယ်လွန်းလှသည်။
မနက်ခင်း လေပြေဆော်သွေးမှု အောက်တွင် ထွက်ပေါ်လာသော ဆည်းလည်းသံ တလွင်လွင်သည် ရင်ကို ငြိမ်းအေးစေသည်။
ဘုရားဖူးမြော်သူ ကြိတ်ကြိတ်ထိုး စည်းကားလှသော ရင်ပြင်တော်ထက်တွင် ယခုအခါ၌ ဘုရားဝတ်ပြုသူ အနည်းငယ်သာ ရှိသည်။
သူ ခြေလှမ်းဖွဖွဖြင့် တနင်္ဂနွေဂြိုလ်ထောင့်သို့ သွားကာ စေတီတော်ကို လက်စုံမိုးကာ ရှိခိုးဦးချလိုက်သည်။
သူ့ အနေနှင့် နေ့နာမ်ဟူ၍ အစွဲမရှိသော်လည်း တနင်္ဂနွေနေ့တွင် ဖွားမြင်သော သူမ အတွက် ရည်ရွယ်သည်မို့...
နှင်းဆီပန်း ဖြူဖြူတို့ကို ဘုရားထံတွင် ကပ်လှူ ပူဇော်ပြီး ရည်ရွယ်သူ အေးချမ်းပါစေ ဟူသော ရည်ရွယ်ချက်ဖြင့် သောက်တော်ရေ သုံးတော်ရေကိုပါ ထပ်မံ ကပ်လှူပူဇော်လိုက်သည်။
ကိလေသာ ကင်းကွာ၍ ငြိမ်းအေးရာ ကို လမ်းပြခဲ့သော ဘုရားရှင်ထံတွင် သူက တဏှာစွဲဖြင့် တောင်းဆု ပြုနေသည်မှာ ရှက်ဖွယ် ကောင်းလွန်းလှသည်။
သို့်သော်လည်း သူမ လောကကြီးထဲသို့ စတင်ရောက်ရှိလာသော ဤနေ့ရက်လေး၌ ကုသိုလ်တစ်ခုနှင့် အစပြုပေးချင်မှာ သူ၏ ဆန္ဒတစ်ခု ဖြစ်၍..
တမန်နေ့က ရုတ်တရက် ပြတ်တောက်သွားသော လေလှိုင်းဆက်သွယ်မှုသည် တစ်စုံတစ်ယောက်၏ ပယောဂ မကင်းမှန်း သူ ခန့်မှန်းမိပါသည်။
ထိုတစ်စုံတစ်ယောက် အပေါ်တွင် ထားသော သူမ၏ မေတ္တာထုထည်ကို သူကိုယ်တိုင်လည်း သိရှိပြီးသားမို့....
အသွားသာ ရှိ၍ ပြန်လမ်းမဲ့နေသော သူ၏ မေတ္တာသည် စစ်မှန်ခဲ့ပါလျှင် သူမသည်လည်း ချစ်သောသူနှင့် ပျော်ရွှင်နိုင်ရစေသတည်း....
YOU ARE READING
အချစ်ရူးသူ၏ အချစ်ဦးပုံပြင်( Completed)
Randomနှလုံးသားနှစ်ခု၏ တရားစီရင်ခန်းကို အကြင်သူက နှလုံးသားတစ်ခုကို ထပ်မံရင်း၍ ဆုံးဖြတ်ပါလိမ့်မည် Zawgyi နှလုံးသားနှစ်ခု၏ တရားစီရင်ခန်းကို အကြင်သူက နှလုံးသားတစ်ခုကို ထပ်မံရင်း၍ ဆုံးဖြတ်ပါလိမ့်မည်
