"မ"
"အဟွတ် အဟွတ်"
စိမ်းသက်နေသေးသော အခေါ်အဝေါ် နဲ့အတူ မျက်စိရှေ့ ရောက်လာသော အနှီလူသားကြောင့် သောက်နေသော orange juice သည်ပင် အထက်သို့ ပြန်ဆန် တက်လာသည်။
"သြော် မရယ် ဖြေးဖြေး သောက်မှပေါ့"
သူခိုးက လူကို ပြန်ဟစ်နေသလို ကျွန်မကို လေသံအေးလေးဖြင့် တရားချနေသော ထိုလူသားအား မျက်စောင်းထိုးကာ ကြည့်လိုက်သည်။
မည်မျှပင် မလိုလားကြောင်း ပြသော်လည်း ရူးသလို၊ ပေါသလိုနှင့် မသိချင်ဆောင်ယောင်တတ်သော ထိုမျက်နှာရူးကြောင့် ကျွန်မ ဒေါသ ထွက်ရလွန်း သဖြင့် အသက်တိုရုံသာ အဖတ်တင်မည်။
"မ sandwhich က တူနာငါးနဲ့လား"
စကားမရှိ စကားရှာကာ ပြောနေသော သူ့ကို မ ကြည့်ဘဲ sandwhich ကိုသာ ခပ်သွက်သွက် စားလိုက်သည်။
သူနှင့် ကော်ဖီဆိုင်တွင် တွေ့ပြီးသည့်နေ့ နောက်ပိုင်း တွင် ကိုယ်၏ တစ်ယောက်ထဲ ကမ္ဘာသည် ဒင်း၏ နှိပ်စက်ခြင်းဒဏ်ကို နေ့စဉ် ရှုမလှ ခံစားရသည်။
ယခင်က အေးဆေးစွာ စားခဲ့ရသော နေ့လည်စာကို ယခုတွင်တော့ သလိကာတစ်ကောင်ကို အဖော်ပြုကာ သုံးဆောင်နေရသည်။
ငယ်စဉ်ကတည်းက အကျင့်ရခဲ့သော မိသားစု ထမင်းဝိုင်း ဆိုသည်မှာလည်း ကမ္မဋ္ဌာန်း စီးဖြန်းကာ စားသည့်အလား ဇွန်းသံ ခက်ရင်းသံပင် ကြားရခဲသည်မို့ ဒီအခြေအနေမျိုးကို ကျွန်မ နေသားမကျနိုင်။
"မ ဘာတွေ တွေးနေတာလဲ"
"မင်း တော်တော်အားနေလား"
"မအားပါဘူး၊ နေ့လည်စာ စားပြီးရင် အတန်း သွားတက် ရဦးမှာ၊ ဘာလဲ မ က မတက်စေချင်လို့ လား"
မျက်နှာပြောင်ချက်က ဆီသုတ်ထားသလား မှတ်ရသော ထိုသူကို ကျွန်မ နည်းနည်းလေးမျှ အမြင် မကြည်နိုင်သည်မှာ လွန်အံ့မထင်။
YOU ARE READING
အချစ်ရူးသူ၏ အချစ်ဦးပုံပြင်( Completed)
Randomနှလုံးသားနှစ်ခု၏ တရားစီရင်ခန်းကို အကြင်သူက နှလုံးသားတစ်ခုကို ထပ်မံရင်း၍ ဆုံးဖြတ်ပါလိမ့်မည် Zawgyi နှလုံးသားနှစ်ခု၏ တရားစီရင်ခန်းကို အကြင်သူက နှလုံးသားတစ်ခုကို ထပ်မံရင်း၍ ဆုံးဖြတ်ပါလိမ့်မည်
