ရိုးးးတံစိမ်းလေးထက်တွင် နေရာယူထားသော အဖြူရောင် ပန်းပွင့်လေးကို တစိမ့်စိမ့်ကြည့်နေမိသည်။
အမှုန်လေးတွေ ပေါင်းစုဖွဲ့စည်းထားသလို ဖြစ်နေသော ပွင့်ဖတ်ဟု အမည်တပ်ရမည့် နေရာလေးကို လက်ဖြင့် မထိတထိ တို့ရင်း ရိုးတံစိမ်းလေးကို ဘယ်ညာ ယိမ်းနွဲ့ ခိုင်းရင်း တကိုယ်တည်း အလုပ်များနေမိသည်။
"စာကြည့်တိုက်မှာ တစ်ယောက်ထဲ လာဆော့နေတာလား"
ခပ်တိုးတိုး ထွက်ပေါ်လာသော အသံသြသြတစ်ခု နောက်တွင် ခြေသံတစ်ခုက တဖြည်းဖြည်း နီးကပ်လို့လာသည်။
တဖြည်းဖြည်း ရုပ်လုံးပေါ်လာသော အသံပိုင်ရှင်ကို ကြည့်ပြီး ကျွန်မ သိသောသူများလားဟု အသည်းအသန် စဉ်းစားခန်း ဖွင့်မိသည်။
"အဲ ကျွန်တော့်ကို တွေ့တာနဲ့ ခင်ဗျား မှတ်မိမယ်လို့ ထင်ထားတာ"
ပီပီသသ မြန်မာစကားသံနှင့် ပြုံးစစ မျက်နှာကြောင့် လွန်ခဲ့သော သုံးရက်လောက်က ဆုံခဲ့သော မျက်နှာရူး ဖြစ်ကြောင်းကို ဦးနှောက်က ရှင်းရှင်းလင်းလင်း အတည်ပြုပေးလိုက်သည်။
"အကြွေး"
ကျွန်မ ခေါ်သံအဆုံးတွင် သူ့မျက်နှာထက်မှ အပြုံးတစ်ပွင့်သည် ပို၍ပင် ပီပြင်လို့လာသည်။
"မှတ်မိသေးသားပဲ"
ကျွန်မ ဘာမှပြန်မပြောဘဲ ပန်းပွင့်လေးကို ခုံပေါ်တွင် အသာအယာ တင်လိုက်ပြီး ပိုက်ဆံအိတ်မှ ပိုက်ဆံထုတ်ကာ ကမ်းပေးလိုက်သည်။
"အခုမှ ပြန်တွေ့တဲ့လူကို ပိုက်ဆံပေးပြီး တခါထဲ နှင်ထုတ်တယ်ပေါ့၊ တကယ်ဆိုရင် ဟန်ဆောင်ပန်ဆောင်လေးတော့ ပြန်နှုတ်ဆက်သင့်တယ် မဟုတ်ဘူးလား"
"မဟုတ်ဘူး"
ကျွန်မ စကားတွင် ဘယ်နေရာကများ ရယ်စရာ ပါသွားလဲ မသိ၊ သူကတော့ ဟက်ဟက်ပက်ပက် ရယ်မောပြန်ပါသည်။
DU LIEST GERADE
အချစ်ရူးသူ၏ အချစ်ဦးပုံပြင်( Completed)
Sonstigesနှလုံးသားနှစ်ခု၏ တရားစီရင်ခန်းကို အကြင်သူက နှလုံးသားတစ်ခုကို ထပ်မံရင်း၍ ဆုံးဖြတ်ပါလိမ့်မည် Zawgyi နှလုံးသားနှစ်ခု၏ တရားစီရင်ခန်းကို အကြင်သူက နှလုံးသားတစ်ခုကို ထပ်မံရင်း၍ ဆုံးဖြတ်ပါလိမ့်မည်
