ငုပန်းတို့သည် ခိုင်လုံးဝေနေ၏။
ခြေချရာ မြေပြင်သည်လည်း ငုခင်းသော ရွှေဝါရောင် ကတ္တီပါဖြင့် လွှမ်းခြုံထားသည်။
"ပိုင်"
သူ၏ အမည်နာမ တစ်လုံးတည်းကို နှုတ်မှ ခြွေလေတိုင်း ရင်သည်လည်း တသိမ့်သိမ့် လှိုက်ဖိုရသည်။
သို့သော်လည်း ကျွန်မ ဦးစွာ သတ်မှတ်ခဲ့သော ဒီအခေါ်အဝေါ်လေးသည် တခြားမိန်းကလေး များစွာ၏ ချစ်သက်အမည်နာမ ဖြစ်သွားသည့် အခါတွင်တော့ ဝန်တိုခြင်းစွက်သော ဒေါသလဲ ထွက်ရပေသည်။
"ဘာလဲ"
သူ ခြေလှမ်းများကို အနားပေးကာ ပြန်ထူးလေတော့ ကျွန်မသည်လည်း အလိုလို ရပ်တန့်မိသည်။
"နင် ဘယ်အချိန်အထိ အပျော်လိုက်တွဲနေဦးမှာလဲ"
ကျွန်မ စကားကို ဟာသတစ်ပုဒ် ကြားရသည့်သဖွယ် သူက တဟားဟား အော်ရယ်သည်။
"ငါက ဘာလို့ အတည်တွဲရမှာလဲ"
"ဒီလို အပျော်တွဲတာ များလွန်းရင် အပျက်ဖြစ်လိမ့် မယ် ပိုင်။
အခုတောင် သူများ မေးငေါ့စရာ ဖြစ်နေပြီ မဟုတ်လား"
သူက မျက်ခုံးတစ်စုံကို အစွမ်းကုန် တွန့်ချိုးကာ ကျွန်မကို ကြည့်သည်။
"သူများ ပြောတာတွေကို ဘာလို့ ဂရုစိုက်ရမှာလဲ "
နဂိုထဲက မျက်နှာတည်တင်းသော သူမှာ ယခု ပို၍ပင် မှုန်ကုတ်၍ နေသည်။
"ဘာလို့ ဂရုမစိုက်ရမှာလဲ၊ နင့်ကို ပြောတာကို ငါတော့ မခံနိုင်ပါဘူး"
ယောက်ျားလေးတိုင်း သူ့ကို မေးငေါ့ကာ ရွံစရာ သတ္တဝါ အဖြစ် ခိုင်းနှိုင်းပြောဆိုသည်ကို ကြားလေတိုင်း အမျက်ဒေါသက ရင်၌ တည်ရသည်။
အိုးက မပူဘဲ စလောင်းက ပူနေသော မိမိအဖြစ်မှာ ရယ်စရာကောင်းမှန်း သိသော်လည်း သူနှင့် ပတ်သက်လာလျှင် နည်းနည်းလေးတောင် အထိမခံနိုင်သူမို့။
ВЫ ЧИТАЕТЕ
အချစ်ရူးသူ၏ အချစ်ဦးပုံပြင်( Completed)
Разноеနှလုံးသားနှစ်ခု၏ တရားစီရင်ခန်းကို အကြင်သူက နှလုံးသားတစ်ခုကို ထပ်မံရင်း၍ ဆုံးဖြတ်ပါလိမ့်မည် Zawgyi နှလုံးသားနှစ်ခု၏ တရားစီရင်ခန်းကို အကြင်သူက နှလုံးသားတစ်ခုကို ထပ်မံရင်း၍ ဆုံးဖြတ်ပါလိမ့်မည်
