အခါခါထပ်ထပ် ဆေးကြောထားသောလဲ ကျွန်မ လက်များတွင် ကြက်သွန်ရနံ့များက စွဲကျန်ဆဲ ဖြစ်သည်။
စားသောက်ဆိုင်များစွာ နှင့် ဟိုတယ် ကို ဦးစီးနေသော သူက အိမ်ထမင်း အိမ်ဟင်းကိုမှ ထူးထူးခြားခြား သဘောတွေ့တတ်သူမို့ သူ့အမေ နှင့် ကျွန်မ အမေတို့ အပေါင်းအပါ ပြုကာ တရားဝင်လေတိုင်း သူက ကျွန်မတို့ အိမ်ဘက်ကူးကာ ထမင်း စားလေ့ရှိသည်။
ဖွယ်ဖွယ်ရာရာ မဟုတ်သော်လည်း သူ့အတွက်ဆို စေတနာပိုတတ်သော ကျွန်မ ဝသီအတိုင်း ဟင်း တခွက် နှင့်မပြီးစေဘဲ အကြော်တစ်မျိုး၊ အသုပ် တဖုံ ၊ အရည်သောက်ပါ မချန် ဘုန်းကြီးဝိုင်းကဲ့သို့ နေ့စဉ်ပြင်ကာ ကိုယ့်ဒုက္ခကိုယ် ရှာတတ်သည်။
ရေမိုးချိုး ကိုယ်လက် သန့်စင်ပြီးသောအချိန်၌ အပြင်ဘက်တွင် မှောင်ရီပင် ပျိုးလုပြီ။
ကျွန်မ ခေါင်းရှောင်ထားသော မိဘ လက်ငုတ်လက်ရင်း စီးပွားရေး ဝန်ပိရှာသော ကြီးကြီးမှာလည်း မသက်သာလှ။
တနေကုန် ဆိုင်ထိုင်ကာ ပြန်လာလျှင်လည်း ခေါင်း ချကာ အနားယူ၍ မရ၊ တခါတရံ လူမှုရေးအမည်ခံ အောက်မှ dinner ပွဲများစွာကို ကပျာကယာ ပြေးတက် ရသေးသည်။
မိမိအပူကို သူ့အပူလုပ်ထားသော ကြီးကြီးကို သနားသော်လည်း မည်သို့မျှ မတတ်နိုင်။
လူဆယ်ယောက်ထက် စုရုံးစုရုံး ဖြစ်သည်ကို ပေတရာ အကွာမှ မြင်လျှင်တောင် ခေါင်းမူး တတ်သည်မှာ ကျွန်မ၏ အကျင့်ပေမို့။
ပတ်ဝန်းကျင်တွင် ပို၌ အမှောင်သည်းလာသည်နှင့် အမျှ လေထုမှာလည်း ပိုမို တိတ်ဆိတ်လာသည်။
နာရီသံ တချက်ချက်ကသာ ကျွန်မကို အဖော်ပြု လေတော့ အတွေးတို့ကို အတိတ်ဆီသို့ နယ်ချဲ့မိသည်။
သူ ဟူသော လူသားတစ်ယောက် ကျွန်မ ဘဝထဲသို့ ဝင်ရောက်လာသောနေ့။
YOU ARE READING
အချစ်ရူးသူ၏ အချစ်ဦးပုံပြင်( Completed)
Randomနှလုံးသားနှစ်ခု၏ တရားစီရင်ခန်းကို အကြင်သူက နှလုံးသားတစ်ခုကို ထပ်မံရင်း၍ ဆုံးဖြတ်ပါလိမ့်မည် Zawgyi နှလုံးသားနှစ်ခု၏ တရားစီရင်ခန်းကို အကြင်သူက နှလုံးသားတစ်ခုကို ထပ်မံရင်း၍ ဆုံးဖြတ်ပါလိမ့်မည်
